Connect with us

Politics, Law & Military

ဒေသတွင်း ကားပစ္စည်းများ အပြန်အလှန်အသိအမှတ်ပြုရေးတွင် မြန်မာနိုင်ငံ လက်မှတ်ထိုးမည်

စက်မှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း ရှင်းလင်းတင်ပြစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၂၀ရက် (ဆင်ဟွာ)

အာဆီယံ ဒေသတွင်း မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ အပြန်အလှန်အသိအမှတ်ပြုရေး အစီအစဉ် (APMRA:_ ASEAN Mutual Recognition Arrangement on type Approval for Automotive Products) ၌ မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

“ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံအတွက် အခွင့်အရေးကောင်း ဖြစ်ပါတယ်၊ ပြည်တွင်း မော်တော်ယာဉ် သုံးစွဲသူတွေအနေနဲ့ အာဆီယံဒေသတွင်း တစ်ပြေးညီ စံညွှန်းအတိုင်း ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်း တွေကို သုံးစွဲခွင့် ရမှာဖြစ်လို့အရည်အသွေးပိုင်းနဲ့ ဘေးကင်းလုံခြုံရေးပိုင်းတွေမှာ နှစ်ပြန် အကျိုးရှိ စေမှာ ဖြစ်ပါတယ်” ဟု စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်း ရှင်းလင်း တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.