Connect with us

Politics, Law & Military

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း မူးယစ်ဆေးဝါးမှု ၆၈၃ မှု ဖြစ်ပွား

ဖမ်းဆီးရမိသော မှုးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ အတွင်း မူးယစ်ဆေးဝါးမှု ၆၈၃ မှုတွင် တရားခံပေါင်း ၁၃၂၆ ဦးကို အမှုဖွင့် အရေးယူခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (မူးယစ်ဗဟို)ထံမှ သိရသည်။

တပ်မတော်၊ တိုင်းဒေသကြီး၊ ပြည်နယ် မူးယစ်တပ်ဖွဲ့ များနှင့် တပ်ဖွဲ့များမှ မူးယစ်ဆေးဝါး များကို အမျိုးသားရေး အသွင်ဖြင့် စီမံချက် ချမှတ် ဆောင်ရွက်လျက် ရှိရာ ဒီဇင်လာလအတွင်း မူးယစ်မှု ၆၈၃ မှု ဖြစ်ပွားခဲ့ပြီး တရားခံ အမျိုးသား ၁၁၉၅ ဦး၊ အမျိုးသမီး ၁၃၁ ဦး စုစုပေါင်း ၁၃၂၆ ဦးကို အမှုဖွင့် အရေးယူ နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (မူးယစ်ဗဟို)၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဒီဇင်ဘာလအတွင်း ဘိန်းမှု ၃၁ မှုတွင် ၃၂၉ ဒသမ ၁၄၆၈ ကီလို၊ ဘိန်းဖြူ ၁၃၄ မှုတွင် ၂၂၄ ဒသမ ၉၄၅၇ ကီလို၊ စိတ်ကြွဆေးဝါးမှု ၄၂၈ မှုတွင် စိတ်ကြွဆေးပြား ၂၈၅၁၇၈၄ ပြား၊ ဆေးခြောက်မှု ၁၂ မှုတွင် ၄၂ ဒသမ ၄၄ဝ၇ ကီလို၊ ဘိန်းဆီခဲ နှစ်မှုတွင် ၂ ဒသမ ၃၂၄၈ ကီလို၊ အဆင့်နိမ့်ဘိန်း သုံးမှုတွင် သုည ဒသမ ၃၆၄၉ ကီလို၊ ဘိန်းစာမှုန့် ၃၈ မှုတွင် ၂၆ ဒသမ ဝ၄၄၇ ကီလို၊ စိတ်ကြွဆေးပြား အကြေသုံးမှုတွင် ၁ဝ ဒသမ ၇၄၃ဝ ကီလို၊ အိုက်စ် ခြောက်မှုတွင် ၉၄ ဒသမ ၉၁၅ ကီလို၊ ကတ်တမင်း တစ်မှုတွင် ၉၄ဝ ကီလို၊ ဘိန်းညိုမှုန့် သုည ဒသမ ၂၊ ဗျူပရီနော်ဖင်း ၄ဝ ပုလင်း၊ ကဖင်းမှု တစ်မှုတွင် ၁၉၈ ဒသမ ၉၆၅ ကီလို၊ အက်ဖီဒရင်းမှု နှစ်မှုတွင် ၃၄ ဒသမ ၁ ကီလို၊ အက်စီတုန်းမှု တစ်မှုတွင် ၁၁၅၂ ဒသမ ၅ လစ်တာ၊ ဘိန်းရည်မှု လေးမှုတွင် ၁ ဒသမ ဝ၅၆ လစ်တာ၊ ဘိန်းဖြူရည် သုည ဒသမ ဝ၂ လစ်တာ၊ ဘိန်းဆီရည်မှု နှစ်မှုတွင် ၂ ဒသမ ဝ၂၇ လစ်တာ၊ ဆာလဖျူရစ် အက်စစ်မှု တစ်မှုတွင် ၂၆၇ဝဝ လစ်တာ၊ အမိုနီယမ် ကလိုရိုဒ် ၅၅၃၂ ဒသမ ၅ ကီလို၊ ဖော့စဖောရပ် ၈ဝ လစ်တာ၊ ဆိုဒီယမ် ၂၅ဝဝ ကီလို၊ ဒိုင်မီသိုင်း ဆာလဖိတ် ၁၈၈ဝဝ လစ်တာ၊ ဘိန်းစာရွက် သုည ဒသမ ၅၃၊ ဗျူပရီနော်ဖင်း ၈၅ ပြား၊ မှတ်ပုံတင် ပျက်ကွက်မှု ၁၃ မှုနှင့် အခြားအမှု တစ်မှု ဖြစ်ပေါ်ခဲ့သည်။( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.