Connect with us

Politics, Law & Military

၂၀၁၆ မှ ၂၀၁၉ ခုနှစ်အတွင်း တရားမဝင်သစ် တန် ၁၆၅,၀၀၀ ကျော်ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားမဝင်သစ်များအား တွေ့ရစဉ်(သစ်တောဦးစီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

၂၀၁၆ မှ ၂၀၁၉ ခုနှစ်အတွင်း တရားမဝင်သစ် တန်  ၁၆၅,၀၀၀ ကျော်ဖမ်းဆီးရမိ ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ (ပထမအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးထံမှ သိရသည်။

၂၀၁၆ခုနှစ်မှ ၂၀၁၉ နိုဝင်ဘာအထိ တရားမဝင်သစ် ဖမ်းဆီးမှု (၄၅) လတာကာလတွင်း (၁၆၅၅၁၁ဒသမ၃) တန်၊ တရားခံပေါင်း  (၂၃၆၁၀) ဦး၊ နိုင်ငံခြားသား(၅၉) ဦး၊ ယာဉ်ယန္တရား(၁၁၀၄၅) စီး ဖမ်းဆီးနိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ( အောက်တိုဘာမှ နိုဝင်ဘာထိ) တရားမဝင်သစ် ဖမ်းဆီးမှု (၄၄၃၄ဒသမ၂၉၄၇) တန် ၊ တရားခံ (၅၆၃)ဦး၊ ယာဉ်ယန္တရား(၃၅၇) စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် သစ်တောဧရိယာ အကောင်းဆုံး၊ အများဆုံးဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ တွင် Plan အတိုင်း ပြန်ထုတ်သင့်ကြောင်း၊ (၄) နှစ်တာကာလအတွင်း ကြိုးဝိုင်း /ကြိုးပြင်ကာကွယ်တောတွင်  ကျန်ခဲ့သည့် (၂၈) နှစ်ထက် ၂ ဆရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

 

အစုအဖွဲ့ ပိုင် သစ်တောသည် နှစ် (၃၀) အတွင်း ဆောင်ရွက်ရန် လျာထားချက်(၂ဒသမ၂၇) သန်းရှိပြီး ယခု ဆောင်ရွက်ပြီးမှာ  (၂၈) ရာခိုင်နှုန်း ရှိကြောင်း၊ တည်ထောင်ပြီးဧရိယာ (၆၅၃၉၉၉) ဧကဖြစ်ပါ ကြောင်း၊ အစုအဖွဲ့ပိုင်သစ်တောများအနေဖြင့် အစိုးရသစ်မတက်မီအဖွဲ့ (၂၀၆၅)  ဖွဲ့ရှိပြီး အစိုးရသစ်လက်ထက်တွင် (၂၈၆၆) ဖွဲ့ရှိ၍ စုစုပေါင်း (၄၉၃၁)ဖွဲ့ ရှိပါကြောင်း၊ အစုအဖွဲ့ပိုင် သစ်တောများ များလာသည့်အခါ အမှားအယွင်းများ ရှိလာနိုင်ပါကြောင်း၊ ကမ္ဘာ့ဘဏ်မှ သန်း (၂၀၀) ချေးရန် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

 

သတ္တုတူးခြင်းနှင့် ပတ်သက်၍လည်း သစ်တော ဥပဒေပုဒ်မ (၁၆) တွင် ပါရှိသည့်အတိုင်း သတ္တုတူးဖော်ရေးလုပ်ငန်းများကို တူးခွင့်ပေးရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ သယံဇာတရရှိရန် သစ်တောစိုက်ခင်းများလည်း ပြန်လည် ထူထောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က မိုးမကျမီ သစ်တောဦးစီးဌာနမှ အခမဲ့ဖြန့်ဝေထားသော ပျိုးပင်ပေါင်း (၁၃) သန်းနီးပါးရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှလည်း စည်းရုံးရေးဆင်းပြီး ပျိုးပင်များ ရှင်သန်အောင် စိုက်ပျိုးပေးရန် ပြည်ထောင်စုဝန်ကြီးက ဆိုသည်။(Xinhua)