Connect with us

Politics, Law & Military

USDPပါတီ၏ မူဝါဒရည်မှန်းချက် ပြောင်းလဲကျင့်သုံးမည်မဟုတ်သော်လည်း ပြည်သူ့ လိုအင်ဆန္ဒနှင့် ညီသော နည်းဗျူဟာပြောင်းလဲ ကျင့်သုံးမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဒုတိယ အကြိမ် ပါတီညီလာခံ(၂၀၁၆)ကျင်းပနေစဉ်(ဓာတ်ပုံ-- ခိုင်ထူးလွင်)

နေပြည်တော်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)အနေဖြင့် မူဝါဒရည်မှန်းချက်နှင့် မဟာဗျူဟာအပိုင်းကို ပြောင်းလဲကျင့်သုံးမည် မဟုတ်သော်လည်း ပြည်သူလူထု၏ လိုအင်ဆန္ဒနှင့် ညီသော နည်းဗျူဟာကို ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ကြောင်း ယနေ့ ကျင်းပသော ပါတီညီလာခံ၌ ပါတီဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြားသည်။

ပါတီ၏ နည်းဗျူဟာကျင့်သုံးမှုအပိုင်းတွင် ခေတ်ကာလ အခြေအနေအချိန်အခါ ပြည်သူများ၏ လိုအင်ဆန္ဒများ နှင့် အညီ လိုက်လျောညီထွေ ပြောင်းလဲ ကျင့်သုံးသင့်သည်များကို ပြောင်းလဲ ကျင့်သုံးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် ကြိုးစားသွားမည်ဖြစ်ပြီး ပြည်သူ့လူထု၏ အခက်အခဲ၊ အကြပ်အတည်းများကို အခြေအနေမှန် သိရှိနိုင်အောင် အောက်ခြေထိ ကွင်းဆင်းထိတွေ့ကြရန် ပါတီဝင်များကို ဥက္ကဋ္ဌ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဒုတိယ အကြိမ် ပါတီညီလာခံ(၂၀၁၆)ကျင်းပနေစဉ်(ဓာတ်ပုံ– ခိုင်ထူးလွင်)

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် USDPက ဆက်လက် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပါတီအနေဖြင့် ယခုလဆန်းပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သော “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” မှ ထွက်ပေါ်လာသည့် ရလဒ်များကို ယခုကျင်းပသည့် ညီလာခံတွင် တင်ပြဆွေးနွေးကာ ပါတီ၏ မူဝါဒ၊ သဘောထား ရပ်တည်ချက်အဖြစ် ရှေ့လုပ်ငန်းစဉ် ချမှတ်သွားမည်ဖြစ်သည်။
အဆိုပါ USDP ပါတီ၏ ဒုတိယအကြိမ် ညီလာခံကို သြဂုတ် ၂၁ရက်မှ ၂၅ရက်အထိ ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ပါတီထိပ်ပိုင်းခေါင်းဆောင် ၈၀၀ခန့် တက်ရောက် လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.