Connect with us

Politics, Law & Military

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် စီမံကိန်း လုပ်ငန်းများအနက် ၅၈ ရာခိုင်နှုန်းခန့်ပြီးစီး

ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့  လွှတ်တော်နာယက ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေး ကော်မတီများ၏ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများအနက် ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ၅၈ ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

“ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ခြောက်ခု၊ ဝန်ကြီးဌာန ၁၉ ခုနဲ့ စည်ပင်သာယာရေး ကော်မတီ သုံးခုတို့က ပေးပို့လာသော လုပ်ငန်း နှင့် လုပ်ငန်း စီမံကိန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေမှာ လုပ်ငန်းရပ်ပေါင်း ၉၁၄၂ ခု၊ ၃၁ – ၃ – ၁၈ နေ့အထိ ဆောင်ရွက်ပြီးစီးမှု ၅၂၅၈ ခု၊ ဆောင်ရွက်ဆဲ လုပ်ငန်း ၃၆၂၅ ခုနဲ့ စတင်ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ လုပ်ငန်းပေါင်း ၂၅၉ ခု ရှိကြပါတယ်” ဟု ပြည် ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့သည်။

ဆောင်ရွက်ဆဲ လုပ်ငန်း ၃၆၂၅ ခုတို့၏ အခြေအနေမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ အပ်နှံသော လုပ်ငန်းများ ဖြစ်ခြင်း၊ နှစ်ဆက် လုပ်ငန်းများဖြစ်ခြင်း၊ ဘဏ္ဍာရေးနှစ် ကျော်လွန် သုံးစွဲခွင့် တင်ပြထား ပြီး ၂၀၁၈ ဧပြီလနှင့် မေလတွင်မှ ပြီးစီးမည့် လုပ်ငန်းများ ဖြစ်ခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးကြပ်ဆောင်ရွက်သော လုပ်ငန်းများ ဖြစ်ခြင်း၊ နယ်မြေအခက်အခဲ၊ လမ်းပန်းအခက်အခဲ၊ ဓာတ်အားလိုင်းများ ပြောင်းလဲ တည်ဆောက်ခြင်းများကြောင့်ဖြစ်ခြင်း တို့ကြောင့် ဖြစ်ကြောင်း၊

စတင်ဆောင်ရွက်နိုင်ခြင်း မရှိသည့် လုပ်ငန်းရပ် ၂၅၉ ခုတို့မှာ ဘဏ္ဍာရေးနှစ် ကျော်လွန် သုံးစွဲခွင့် တင်ပြထားသော လုပ်ငန်းများ ဖြစ်ခြင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ အပ်နှံထားသော လုပ်ငန်းများ ဖြစ်ခြင်း၊ ADB ချေးငွဖြင့် ဆောင်ရွက်သော နှစ်ဆက် လုပ်ငန်းဖြစ်ခြင်း တို့ကြောင့် ဖြစ်ကြောင်းလည်း အဆိုပါ အစီရင်ခံအပေါ် ပြည်ထောင်စု လျွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်တင်ပြခဲ့သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်း စိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာနသည် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေး ကော်မတီများ၏ လုပ်ငန်း စီမံကိန်းများ၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ သက်ဆိုင်ရာ ဌာနများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု အစီရင် ခံစာများ တောင်းခံ၍လည်းကောင်း၊ မြေပြင်သို့ကွင်းဆင်း စစ်ဆေး၍ လည်းကောင်း စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ် မတ်လကုန်အထိ တွေ့ရှိချက်များကို အစီရင်ခံ တင်ပြခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.