Connect with us

Politics, Law & Military

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား ရန်ကုန်မြို့၌ လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင် တည်ရှိရာ မဟာ ဗန္ဓုလ ပန်းခြံ၌ ကျင်းပ


ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

အစိုးရသစ် လက်ထက် ပထမဆုံး ကျင်းပသည့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား ရန်ကုန်မြို့၌ လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင် တည်ရှိရာ မဟာ ဗန္ဓုလ ပန်းခြံ၌ ယနေ့ဇန်နဝါရီ ၄ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် နှစ်များတွင် လွတ်လပ်ရေးနေ့အခမ်းအနားများကို ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ပြည်သူ့ဥယျာဉ် နှင့် ပြည်သူ့ရင်ပြင်တို့၌ ကျင်းပခဲ့ပြီး ယခု အစိုးရလက်ထက်တွင် လွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင် တည်ရှိရာ မဟာ ဗန္ဓုလ ပန်းခြံ၌ ပထမဆုံး အကြိမ် ကျင်းပခဲ့ခြင်း ဖြစ်သည်။နိုင်ငံတော် အလံတင် အခမ်းအနားကို နံနက် ၄ နာရီ မိနစ် (၂၀) တွင် ကျင်းပခဲ့ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံကို လွှင့်တင်ပြီး တိုင်းရင်းသား ပြည်သူလူုထုနှင့် အတူ ဂုဏ်ပြုတပ်ဖွဲ့တို့ကနိုင်ငံတော်အလံကို အလေးပြု ကြသည်။ထိုနောက် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ နှင့် ရဲဘော်များအား အလေးပြု ပြီး အောက်မေ့ သတိရသော အားဖြင့် နှစ်မိနစ်ကြာ ဂါရဝပြု ငြိမ်သက်ကြပြီးနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖတ်ကြားခဲ့သည်။

ရန်ကုန်မြို့ မဟာ ဗန္ဓုလ ပန်းခြံ၌ ကျင်းပသော ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းများ(ဆင်ဟွာ)

ရန်ကုန်မြို့ မဟာ ဗန္ဓုလ ပန်းခြံ၌ ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့အစိုးရ အဖွဲ့ဝင် အကြီးအကဲများ ၊ လွှတ်တော် ကိုယ်စားလှယ်များ ၊ နိုင်ငံရေး ပါတီများ နှင့် အတူ လွတ်လပ်ရေး ကြိုးပမ်းမှု မိသားစုဝင်များ ၊ သခင် မိသားစုဝင်များ ၊ ရဲဘော်သုံးကျိပ် မိသားစုဝင်များလည်း ပါဝင် တက်ရောက်ခဲ့သည်။

ရန်ကုန်မြို့ မဟာ ဗန္ဓုလ ပန်းခြံ၌ ကျင်းပသော ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းများ(ဆင်ဟွာ)

ရန်ကုန်မြို့ မဟာ ဗန္ဓုလ ပန်းခြံ၌ ကျင်းပသော ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းများ(ဆင်ဟွာ)

ရန်ကုန်မြို့ မဟာ ဗန္ဓုလ ပန်းခြံ၌ ကျင်းပသော ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းများ(ဆင်ဟွာ)

မဟာ ဗန္ဓုလ ပန်းခြံအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ကို ၁၉၅၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့ပြီး အမြင့်အားဖြင့် ပေ ၁၅၀ ရှိကာ လွတ်လပ်ရေး ကျောက်တိုင်တွင် မြန်မာ့ လွတ်လပ်ရေး ကြေညာစာတမ်း ၊ လွတ်လပ်ရေး သန္နိဋ္ဌာန်တို့ကို ကျောက်ထက် အက္ခရာ ထိုးကာ ကမ္ဗည်း မှတ်တမ်း တင်ထားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ မဟာ ဗန္ဓုလ ပန်းခြံ၌ ကျင်းပသော ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား မြင်ကွင်းများ(ဆင်ဟွာ)

ယခု ၂၀၁၇ ခုနှစ်၊ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံတွင် တွေ့ဆုံ ညှိနှိုင်းမှုများမှ ရရှိလာမည့် ဆုံးဖြတ်ချက်များနှင့် အညီ ဘုံသဘောတူညီချက် တစ်ခုဖြင့် အနာဂတ်တွင် စစ်မှန်သည့် ပြည်ထောင်စုကြီး တည်ဆောက်သွားနိုင်ရေး ၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် တိုင်းရင်းသား အားလုံး စုစည်း ထိန်းသိမ်း ကာကွယ်ရေး ၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေး အတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများ နှင့် အညီ နိုင်ငံတော် နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်း ဆောင်ရွက်ရေး ၊ နိုင်ငံတော်၏ စီးပွားရေး မူဝါဒ မျှော်မှန်းချက်များနှင့် အညီ တိုင်းဒေသကြီး နှင့် ပြည်နယ်များ အကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေမည့် စီးပွားရေး အခြေအနေကောင်းများ ရရှိရန် ကြိုးပမ်း ဆောင်ရွက်ရေး တို့ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိခဲ့ပြီး အချုပ်အခြာ အာဏာကို ပြန်လည် ရယူနိုင်ခဲ့သည်။(Xinhua)