Connect with us

Politics, Law & Military

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမေရိကန် သမ္မတတို့ ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအိုဘားမားတို့ ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-mofa

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ စက်တင်ဘာ ၁၄ရက်နေ့တွင် ဝါရှင်တန်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးခံစားခွင့်များ ပြန်လည်ပေးအပ်ရန် ရှိပြီး ဆင်းရဲသည့် နိုင်ငံများအတွက် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို ပြန်လည် ဝင်ရောက်နိုင်ရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး အကျိုးခံစားခွင့်များလည်း ပေးအပ်မည် ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမားက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအိုဘားမားနှင့် တွေ့ဆုံပြီး နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံခဲ့သည်။

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်မှာရှိ လင်ကွန်းအထိမ်း အမှတ် ဗိမာန်ကို သွားရောက်ပြီး လင်ကွန်းအထိမ်း အမှတ်ဗိမာန် တည်ဆောက်ထားပုံ၊ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအချက်များနှင့် သမ္မတ လင်ကွန်း၏ မိန့်ခွန်းများကို တစ်နာရီနီးပါး လေ့လာကြည့်ရှု့ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအိုဘားမားနှင့် တွေ့ဆုံ အပြီးတွင် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့် အခြားအကူအညီများပေးရန် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးကို အထောက် အကူပြုစေရန် မြန်မာနိုင်ငံ အပေါ်ကန့်သတ်ပိတ်ဆို့မှုများကို အဆုံးသတ်ရန်အတွက် အမေရိကန်နိုင်ငံအနေဖြင့် သမ္မတ၏ Executive Order အား ရုပ်သိမ်းရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.