Connect with us

Politics, Law & Military

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၃,၃၀ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မိုင်းဆတ်မြို့နယ်အတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်( ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၃,၃၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားအကြေများနှင့် စိတ်ကြွရူးသွပ်ဆေးမှုန့်များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC Myanmar)က ယနေ့ (အောက်တိုဘာ၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁၀နာရီ၄၅ မီနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မြေကြီးအတွင်းရှိ ကော်ပုံးများဖြင့်ထည့်ထားသည့် ရေစိုပျက်စီးနေသော ဒေသကာလပေါက်ဈေးငွေကျပ် ၉၅၀ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားအကြေ အလေးချိန် ၉၅ ကီလိုနှင့် ဒေသကာလပေါက်ဈေးငွေကျပ် ၁၃၈၀ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးမှုန့်အလေးချိန် ၁၃၈ ကီလိုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သို့ လွှဲပြောင်းအပ်ပေးသဖြင့် မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.