Connect with us

Politics, Law & Military

နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ် ၁၀၃ မြို့နယ်တွင် ဆောင်ရွက်

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Scot Marciel တို့ တွေ့ဆုံ ဆွေးနွေးစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များကို စုစုပေါင်း ၁၀၃ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ အတွေ့အကြုံ၊ ဗဟုသုတ အမြင်များ ပြည့်စုံစေရေး အတွက် ဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နယ်စပ်ဒေသများတွင် နေထိုင်လျက် ရှိသော ပြည်သူများ အတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော် အစိုးရ၏ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံ ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Scot Marciel တို့ တွေ့ဆုံ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.