Connect with us

Politics, Law & Military

စမ်းချောင်းမြို့နယ်ရှိ နိုင်ငံခြားငွေလဲကောင်တာ၌ လေပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ကာ ငွေများလုယူသူ နှစ်ဦးအား စုံစမ်းရှာဖွေဟုဆို

လေပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ကာ ငွေများလုယူခံရသော နိုင်ငံခြားငွေလဲကောင်တာဆိုင်အားတွေ့ရစဉ်(ဓာတ်ပုံ- Yangon Police)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မြောက်ရပ်ကွက်၊ ရှမ်းကုန်းလမ်း၊ မြေညီထပ်ရှိ Money Changer ၌ လေပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ကာ ငွေများလုယူသူ နှစ်ဦးအား ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေနေကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

အဆိုပါ Money Changer ၌ နိုဝင်ဘာ ၃ရက်နေ့ နေ့လည်ပိုင်းက လူငယ်အမျိုးသား ၂ ဦးဝင်ရောက်လာပြီး မြန်မာငွေကျပ် ၂ ဖိုးခန့် အမေရိကန်ဒေါ်လာနှင့်လဲလိုကြောင်းပြောဆိုပြီး ငွေအားထုတ်ယူ၍ စားပွဲပေါ်သို့တင်စဉ် ၎င်းလူငယ်မှ အသင့်ယူဆောင်လာသော လေးခွဖြင့်ပစ်မည်ပြုကာ လုယက်ခြင်းဖြစ်ကြောင်း သိရသည်။ယင်း လူငယ်နှစ်ဦးသည် မြန်မာငွေကျပ်သိန်း ၁၅၀၊ ကောင်တာအံဆွဲအတွင်းမှ အမေရိကန်ဒေါ်လာ၁၅၀၀၀နှင့် ငွေကျပ်(၄)သိန်းခန့်တန်ဖိုးရှိ ဖုန်းငွေဖြည့်ကတ်မျိုးစုံ၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် ခရီးဆောင်အိတ် ၁ လုံးတို့ကို ယူဆောင်ထွက်ပြေးသွားကာ ဆိုင်ပြင်ဘက်သို့ ထွက်ပြေးစဉ် ပစ္စတိုသေနတ်ဖြင့် နောက်ပြန်လှည့်၍ ပစ်ခတ်သော်လည်း ကျည်ထွက်မှု မရှိဘဲ ဆက်လက်ထွက်ပြေးသွားကြကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။အခင်းဖြစ်နေရာအားစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူများ ပစ်ခတ်အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်၏ ခဲသီးအပိုင်းအစများအား အခင်းဖြစ်ရပ်တွင်တွေ့ရှိရ၍ ကျူးလွန်စဉ်ကအသုံးပြုခဲ့သောလက်နက်မှာ လေပစ္စတိုသေနတ် သေနတ်တုသာဖြစ်ကြောင်း အတည်ပြုစစ်ဆေးတွေ့ရသည်။အဆိုပါ လုယက်သူနှစ်ဦးကို မြို့မရဲစခန်း(ပ)၄၁၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၄၂၇/၁၁၄ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.