Connect with us

Politics, Law & Military

လောက်ကိုင်မြို့နယ်တွင် ကျပ် သိန်း ၂,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊လောက်ကိုင်မြို့နယ်၊ မူကာကျိုင်းကျေးရွာရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ် ၂,၀၄၃ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစားမှု ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)က ယနေ့(စက်တင်ဘာ ၁၇ ရက်နေ့)ထုတ်ပြန်သော သတင်းအရ သိရသည်။မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ မူကွာကျိုင်းကျေးရွာနေ အသက် ၆၀နှစ်အရွယ် အမျိုးသားတစ်ဦး၏ နေအိမ်အား စက်တင်ဘာ ၁၆ ရက်နေ့က ၀င်ရောက်ရှာဖွေ စစ်ဆေးရာ၌ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ ဘိန်းဖြူအလေးချိန်(၅ ဒသမ ၆၂ ကီလို)နှင့် စိတ်ကြွဆေးပြား ၂၄၀,၀၀၀ ပြားတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူအား လောက်ကိုင်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)