Connect with us

Politics, Law & Military

NCA တွင် လက်မှတ်ထိုးရေး အဖွဲ့ပေါင်းစုံနှင့်တွေ့ဆုံလျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

ယနေ့ ညနေအထိ လက်မှတ်ထိုးပြီး အဖွဲ့ဆယ်ခု ရှိထားသော NCA တွင် ၂၀၁၈ ခုနှစ်အတွင်း နောက်ထပ် နှစ်ဖွဲ့မှ သုံးဖွဲ့ခန့်လက်မှတ်ထိုးလာနိုင်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးက မီဒီယာကို ပြောသည်။

“နောက်ထပ် လက်မှတ်ထိုးလာမယ့် အဖွဲ့တွေရှိပါတယ်ခင်ဗျ၊ ၂၀၁၈ ထဲမှာတော့ နောက်ထပ် နှစ်ဖွဲ့ – သုံးဖွဲ့ကတော့ တိုးလာစရာ အလားအလာ အများကြီး ရှိနေတယ်၊ ကျွန်တော်တို့အများကြီး ကြိုးစားနေတယ်၊ အများကြီးထိတွေ့နေတယ်၊ အဖွဲ့ပေါင်းစုံနဲ့ တွေ့နေတယ်” ဟု ယနေ့ NCA လက်မှတ်ထိုးပွဲအပြီး ညနေပိုင်း ဆက်လက်ပြုလုပ်သည့် သတင်းစာရှင်းပွဲ၌ ၎င်းက ပြောခဲ့သည်။

NCA လက်မှတ်ထိုးခြင်း သတင်းစာရှင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

NCA ၌ လက်မှတ် မထိုးရသေးသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား တွေ့ဆုံ ညှိနှိုင်းမှုများကို ဆက်တိုက် ဆောင်ရွက်လျက်ရှိရာ-formal, informal လမ်းကြောင်းနှစ်မျိုး ၊ Track (1), Track (2) တို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြောက်ပိုင်း အဖွဲ့များနှင့်လည်း တွေ့ဆုံ ပါကြောင်း၊ မည်သည့်အဖွဲ့က မည်သို့တောင်းဆိုသည်– မိမိတို့ဘက်က ထိုတောင်းဆိုမှုကို လိုက် လျော နိုင်ခြင်း ရှိသည် မရှိသည်ဆိုသည်ကိုမှု ညှိနှိုင်းဆဲအခြေအနေတွင် မဖြေကြားနိုင်ပါကြောင်း၊ မည်သည့် အဖွဲ့နှင့် မည်သို့ ညှိနှိုင်းလျက်ရပြီး မည်သည့် အဖွဲ့များက လက်မှတ်ထိုးမည့် အလားအလာကောင်းများ ရှိနေပြီဆိုှိသည်ကိုလည်း သေချာမှသာ သတင်းထုတ်ပြန်မှာ ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

NCA လက်မှတ်ထိုးခြင်း သတင်းစာရှင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

“ဘယ်အဖွဲ့တွေလည်း ပြောဖို့တော့ ခက်ပါတယ်၊ အဖွဲ့တိုင်းနဲ့ ကျွန်တော်တို့ ထိတွေ့နေတဲ့ အခါကျတော့ ဘယ်အဖွဲ့က အရင် အဆင်ပြေလာမလဲ ဆိုတာတော့ ပြောဖို့ ခက်တယ်လေ- ငြိမ်းချမ်းရေး Process နဲ့ပတ်သက်လို့ရှိရင် တစ်ကမ္ဘာလုံးကို လေ့လာကြည့်ပါ၊ သိပ်ပြီးတော့ ပေါ်ပေါ်တင်တင် မလုပ်ကြပါဘူး၊ ဒီလိုပဲ လျှို့ဝှက် ဆွေးနွေးနေပြီး အောင်မြင်တဲ့ အခါကျတော့မှ သာလျှင် စားပွဲပေါ်ကို ချပြတာပါ၊ ဒီတော့ အဖြေမရသေးတဲ့အခါ သိပ်ပြီးတော့ မပြောဖြစ်ကြဘူးလေ၊ ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လွဲမှာစိုးလို့၊ စ တွေ့ကတည်းကလည်း ခင်ဗျားတို့လည်း သတင်း မထုတ်နဲ့ ….ကျွန်တော်တို့လည်း သတင်းမထုတ်ဘူး ဆိုပြီး ပိတ် ထားကြတယ်၊ အားလုံးနဲ့လည်း တွေ့နေပါတယ်၊ မပြတ်ပါဘူး၊ သို့သော် ဘယ်သူကတော့ အခြေအနေ အသာဆုံး ဖြစ်မယ်ဆိုတာ ပြောရခက်ပါတယ်၊ ပိုက်ဆံရဲ့ ခေါင်းနဲ့ ပန်းလိုပဲ – ပါးပါးလေးပဲ — အခု မရသေးဘူးဆိုပေမယ့် မနက်ဖြန် ရချင်ရသွားတာမျိုးလည်း ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းပွဲတွင်UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးခင်ဇော်ဦး၊ ဦးဇော်ဌေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး နှင့် လားဟူပါတီ ဗဟိုကော်မတီဝင် ဒေါ်နာဗစ်ဘွန်တို့ တက်ရောက်ခဲ့ကြပြီး ပြည်တွင်းပြည်ပ မီဒီယာများ၏ ဆက်လက်ကျင်းပမည့် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဆိုင်ရာ အထွေထွေ ကိစ္စများ ဆိုင်ရာမေးခွန်းများကိာ ဦးဇော်ဌေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ မွန်ပြည်သစ် ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးတို့က ပြန်လည်ဖြေကြားခဲ့ကာ ညနေ ၅ း ၀၀ နာရီတွင် ရပ်နားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.