Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး နှင့် ပတ်သက်လာပါက ချဉ်းကပ်မှု သုံးမျိုးသည်တစ်ခုနှင့်တစ်ခုဆက်စပ်နေကြောင်း မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ထောမွန် ပြောကြား

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ထောမွန်မှ မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး နှင့် ပတ်သက်လာပါက အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံရေးအရ ဖြေရှင်းရေးဆိုပြီး ချဉ်းကပ်မှုသုံးမျိုး နှင့် ရှုမြင်တတ်ကြကြောင်း၊ တကယ်တမ်းတွင် ထိုချဉ်းကပ်မှု သုံးမျိုးသည်တစ်ခုနှင့်တစ်ခုဆက်စပ်နေကြောင်းတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနား တွင် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ထောမွန် မှ ၎င်း ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ထောမွန် က “ဒီမျက်နှာစာတစ်ခုတည်းနဲ့လည်းငြိမ်းချမ်းရေးဟာ မပြည့်စုံပါဘူး။ NCA ဟာကျွန်တော်တို့ရဲ့ ပန်းတိုင်မဟုတ်ပါဘူး။ နိုင်ငံရေးပြသနာကို အဖြေရှာမည့်လမ်းကြောင်းတစ်ရပ်သာ ဖြစ်ပါတယ်။ တက်လှမ်းရမယ့်လှေကားထစ်သဖွယ်သာ ဖြစ်တယ်ဆိုတာကို အလေးအနက်ထောက်ပြပြောဆိုလို ပါတယ်။ ဒါကြောင့် ဒီလမ်းကြောင်းမှန်မှ ကျွန်တော်တို့မျှော်မှန်းတဲ့ ပဋိပက္ခငြိမ်းချမ်းရေး နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်ကို ရောက်မယ်ဆိုတာရှင်းလင်းလိုပါတယ်’’ ဟုပြောသည်။

ယခုအချိန်ထိ NCA ဖြစ်စဉ်တွင် မပါဝင်နိုင်သေး၊ ပါဝင်ခွင့်မရသေးသည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အသီးသီး နှင့် ပဋိပက္ခ များ ၏ ဒဏ်ကို ခါးစည်းခံနေရသေးသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမ များ ရှိသေးကြောင်း၊ ကျွန်တော်တို့ အနေဖြင့် ကိုယ်လွတ်မရုန်းကြောင်း၊ သစ္စာမမဲ့ကြောင်း အခိုင်အမာပြောဆိုပါ့မည် ဟူ၍ ၎င်းက ပြောကြားခဲ့သည်။

၎င်းကပင် “အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို NCA လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသားညီနောင်များနဲ့ရော၊ မထိုးထားသေးတဲ့ ညီနောင်များနဲ့ရော လက်တွဲပြီး ဒီ NCA လမ်းကို လမ်းမှန် ဖြစ်ရုံမက ဖြောင့်ဖြူးတဲ့ လမ်းဖြစ်အောင် ဆောင်ရွက်သွားမယ်။ဖက်ဒရယ်ပြည်ထောင်စုမျှော်မှန်းချက်ကို မျက်ချေမပြတ်လမ်းလွှဲမခံဘူးဆိုတာ ကတိပြုပါတယ်’’ ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.