Connect with us

Politics, Law & Military

NLDတည်ထောင်ခြင်း (၂၈) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တည်ထောင်ခြင်း (၂၈) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပနေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တည်ထောင်ခြင်း (၂၈) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့သည်။

အဆိုပါ နှစ်ပတ်လည်နေ့ အဖွင့်မိန့်ခွန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောကြားခဲ့ပြီး ကြေညာချက်အား ဒေါက်တာမျိုးညွှန့်က ဖတ်ကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) တည်ထောင်ခြင်း (၂၈) နှစ်ပြည့် နှစ်ပတ်လည်နေ့သည် တိကျသော မူဝါဒလမ်းစဉ်၊ အမြော်အမြင်ရှိသော ခေါင်းဆောင်မှု၊ အတွေ့အကြုံရင့်ကျက်ပြီး စွန့်လွှတ်စွန့်စားရဲသော ပါတီဝင်ထု၊ အင်အားတောင့်တင်းသော ပြည်သူလူထု၏ သမိုင်းဝင်ရုန်းကန်မှုများ အပေါ် အသိအမှတ် ပြုဖော်ညွှန်းလိုက်ခြင်းဖြစ်ကြောင်း ယနေ့ နှစ်ပတ်လည်အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်စကားပြောခဲ့ကြောင်း နာယက ဦးတင်ဦး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီများမှခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.