Connect with us

Politics, Law & Military

ရန်ကုန်မြို့၌ မြို့ပြမြေ အသုံးချမှုဇုန် မူကြမ်း ဥပဒေတစ်ရပ် ဖြစ်ပေါ်လာ စေရန် ဆောင်ရွက် သွားမည်

ရန်ကုန်မြို့အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၌ မြို့ပြမြေ အသုံးချမှုဇုန် မူကြမ်းကို လတ်တလော တွင် ဥပဒေတစ်ရပ် ဖြစ်ပေါ်လာ စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြစီမံကိန်း နှင့် မြေစီမံ ခန့်ခွဲရေး ဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြို့ပြမြေ အသုံးချမှုဇုန် မူကြမ်းကို ၂ဝ၁၂ ခုနှစ်မှ စတင်ကာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက ဦးဆောင်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းနှင့် မြို့ပြ စီမံကိန်း ပညာရှင်များ ညှိနှိုင်းရေးဆွဲ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့ပြမြေ အသုံးချမှုဇုန် မူကြမ်းတွင် ကုလသမဂ္ဂ၏ ပြဋ္ဌာန်းချက် အရ မြို့ဧရိယာ၏ ၃၅ ရာခိုင်နှုန်း ကိုသာ အထပ်မြင့် အဆောက်အအုံ များနှင့် လူနေအိမ်များ ဆောက်လုပ်ရန် သတ်မှတ်ထားပြီး မြို့နယ်အလိုက် အဆောက်အအုံ ဆောက်လုပ်မှု ဆိုင်ရာ ကန့်သတ်ချက်များ၊ စိမ်းလန်း ဧရိယာများ နှင့် စက်မှုဇုန် များကို ဇုန်များ ခွဲခြားကာ သီးသန့် သတ်မှတ် ထားကြောင်း သိရသည်။

မြို့ပြမြေ အသုံးချမှုဇုန် ကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် အတည်ပြုပြီး ပါက အဆောက်အအုံများ တည်ဆောက်ရာတွင် ဥပဒေ ပါပြဋ္ဌာန်းထားချက် များအတိုင်း တည်ဆောက်ခွင့် ရရှိတော့မည် ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများ အတည်ဖြစ်လာ ပါက အဆောက်အအုံ တည်ဆောက်မှု များတွင် စံချိန်စံညွှန်း မြင့်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.