Connect with us

Science & Technology

စက်တင်ဘာလတွင် ဒီဇယ်အဝင်လျော့

စက်သုံးဆီအရောင်းဆိုင်တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၂၅ ရက်မှအောက်တိုဘာ ၁ရက် သီတင်းပတ်အတွင်း ပင်လယ် ရေကြောင်းလမ်းမှ ဒီဇယ်၊ဓာတ်ဆီတင်သွင်းမှုနားခဲ့သည့်အတွက် လချုပ် အနေနှင့် ကြည့်ပါက သြဂုတ်လအတွင်း ဒီဇယ်စုစုပေါင်း ၁၅,၁၀၀ တန်ကျော်ရှိ ခဲ့ပြီး စက်တင်ဘာလတွင် တန်ချိန် ၂၆၀ကျော်သာရှိခဲ့သဖြင့် စက်တင်ဘာလတွင် ဒီဇယ်အဝင် လျောနည်းခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ထို့အတူ သြဂုတ်လအတွင်းက ဓာတ်ဆီအဝင် စုစု ပေါင်းမှာ ၁၀၄၀ ကျော်ရှိပြီး စက်တင်ဘာ လတွင် အဝင်တန်ချိန် ၈၈၀ ကျော် ဝင်ခဲ့သည့်အတွက် စက်တင်ဘာလတွင် ဓာတ်ဆီအဝင်လည်းလျော့နည်းခဲ့ကြောင်း သိရသည်။ နယ်စပ်စခန်းများဖြစ်သည့် တာချီလိတ်စခန်းမှသာ အမေရိကန်ဒေါ်လာ ၃၀၈,၃၃၀ တန်ဖိုးရှိ ဒီဇယ် ၆၃၆ တန်သာ ဝင် လာခဲ့ကြောင်း သိရသည်။

ရန်ကုန်ဈေးကွက်တွင် ဓာတ်ဆီ၊ ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များ၌ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက် တိန်း (92)နဲ့ အောက်တိန်း(95)မှာ ဈေးအနည်းငယ် မြင့်လာ၍ ယခုတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်များတွင် ရောင်းချနေသည့် တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ် ၅၉၀ ကျပ်၊အောက်တိန်း (92) ၆၀၀ ကျပ်၊အောက်တိန်း (95) ၆၆၀ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၆၂၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

ပြင်ပ လက်လီဆိုင်များ၌ အရောင်းအဝယ်ဖြစ်နေသည့် ပီပါဈေးများတွင် အောက်တိုဘာလ ၃ရက်မှာ ဒီဇယ်ဝယ်ဈေး ၁၁၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၄၀၀၀ ကျပ်နှင့် အရောင်း အဝယ်ဖြစ်ခဲ့ရာ အောက်တိုဘာ ၅ ရက်တွင် ဝယ်ဈေး ၂၀၀၀ကျပ် ရောင်းဈေး၁၀၀၀ ကျပ်ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ဓာတ်ဆီဈေးမှာ အောက်တိုဘာ ၃ ရက်တွင် ဝယ်ဈေး ၁၂၅၀၀၀ကျပ်၊ ရောင်းဈေး ၁၂၈၀၀၀ ကျပ်နှင့် အရောင်းအဝယ်ြ ဖစ်ခဲ့ရာ တစ်ပတ်လုံး ထိုဈေးနှင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ် ဈေးနဲ့နှိုင်းယှဉ်လျှင် ဒီဇယ်ဈေးအနည်းငယ်တက်ခဲ့သော်လည်း ဓာတ်ဆီဈေးငြိမ်နေ ကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ဓာတ်ဆီတစ်ဂါလန်၂၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၅၀၀ ကျပ်နှင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)