Connect with us

Science & Technology

စစ်တွေနှင့်ရွှေမင်းဂံကျေးရွာတို့ကို ဆက်သွယ်ပေးမည့် ဆပ်ရိုးကျ တံတားကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်၌ ရာနှုန်းပြည့်ပြီးစီးအောင် တည်ဆောက်မည်

စစ်တွေနှင့်ရွှေမင်းဂံကျေးရွာတို့ကို ဆက်သွယ်ပေးမည့် ဆပ်ရိုးကျ တံတားစီမံကိန်းအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

စစ်တွေနှင့်ရွှေမင်းဂံကျေးရွာတို့ကို ဆက်သွယ်ပေးမည့် ဆပ်ရိုးကျ တံတားကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်၌ ရာနှုန်းပြည့်ပြီးစီးအောင် တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဆပ်ရိုးကျတံတားသည် ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းမတော် (မြောက်)ရပ်ကွက် ကူးတို့ဆိပ်နှင့် ကျေးတောကျေးရွာအုပ်စု ရွှေမင်းဂံကျေးရွာတို့ကို ဆက်သွယ်ပေးသော တံတားဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်လမ်းဦးစီးဌာနတို့၏ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား အထူးအဖွဲ့ (၈) မှ တာဝန်ယူတည်ဆောက်နေသော တံတားဖြစ်သည်။

တံတားသည် အရင်အစိုးရလက်ထက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၃ ရက် ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဒေသခံပြည်သူတို့၏ တောင်းဆိုမှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ တံတားအမျိုးအစား မှာ သံမဏိ၊ သံပေါင်၊ သံကူကွန်ကရစ်နှင့် တည်ဆောက်ခြင်းဖြစ်ပြီး တံတားအရှည်ပေ ၁၆၄ ပေ၊ ယာဉ်သွားလမ်း အကျယ်၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ ၆ လက်မ နှင့် စုစုပေါင်းတံတား အကျယ် ၃၁ ပေ ရှိသည်။

အဆိုပါတံတားကို တံတားအထူးအဖွဲ့ (၈)မှတည်ဆောက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေရရှိမှုမှာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်၌ ငွေကျပ်သန်း ၅ဝဝဝ ဖြစ်ပြီး ယခုအခါ တံတားတစ်စင်းလုံး ၇၅ ရာခိုင်နှုန်းပြီးနေပြီဟု သိရသည်။၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တံတားကြီးအား ရာနှုန်းပြည့်ပြီးစီးအောင် တည်ဆောက်မည်ဖြစ်ပြီး တံတားကြီးပြီးစီးပါက စစ်တွေမြို့နှင့် တစ်ဖက်ကမ်းရှိ ကျေးတောကျေးရွာအုပ်စု ရွှေမင်းဂံကျေးရွာ တို့မှာ ကုန်းလမ်း(ကားလမ်း)ခရီးဖြင့် တိုက်ရိုက်ဆက်သွယ် သွားလာနိုင်ကြတော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117