Connect with us

Science & Technology

ယခု နှစ်ကုန်ပိုင်းအတွင်း ရန်ကုန်မြို့ ကမ်းနားလမ်း တလျှောက် လျှပ်စစ်ရထား (TRAM) ပြေးဆွဲနိုင်ရန် ရည်မှန်းထား

ရန်ကုန်မြို့တွင် ပြေးဆွဲနေသော မီးရထားတစ်စင်း (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် လျှပ်စစ်ရထား ပြေးဆွဲရေး စီမံကိန်းကို ပထမအဆင့် အနေဖြင့် ဆောင်ရွက်ရန် လမ်းပိုင်း အခြေအနေအရ ရထားလမ်း ခုံးကျော်တံတားများ လွတ်ကင်းမည့် နယ်မြေဖြစ်သည့် ထော်လီကွေ့မှ ပန်းဆိုးတန်းအထိကို အောက်တိုဘာလကုန်ခန့်တွင် ပြေးဆွဲနိုင်ရန်နှင့် ဒုတိယအဆင့်ကို ပန်းဆိုးတန်းမှ လင်းစဒေါင်းအထိ ဒီဇင်ဘာလကုန်ခန့်တွင် ပြေးဆွဲနိုင်ရန် ရည်မှန်းထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။

ထိုသို့ပြေးဆွဲနိုင်ရန် ရထားလမ်းပိုင်းများကို Dual Guage အဖြစ် ပြုပြင်ပြောင်းလဲ လမ်းခင်းခြင်းနှင့် လျှပ်စစ် ဓာတ်တိုင်များ သွယ်တန်း နိုင်ရေးကို အဓိက ဦးစားပေး ဆောင်ရွက်သွားမည်ဟု သိရသည်။

ရန်ကုန်မြို့ ကမ်းနားလမ်း၌ မြန်မာ့မီးရထားမှ လျှပ်စစ်ရထား ပြေးဆွဲခြင်းဖြင့် ရန်ကုန်မြို့နေ ခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ခြင်း ၊ ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ခြင်း အပြင် မြန်မာနိုင်ငံ၌ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး စနစ်ကို ပိုမို တွင်ကျယ်စေရန် အထောက်အပံ့ ပေးနိုင်မည်ဟု သိရသည်။

ရန်ကုန်မြို့ကမ်းနားလမ်းတလျှောက် လျှပ်စစ်ရထား(TRAM) ပြေးဆွဲရေး စီမံကိန်းအတွက် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၊ မြန်မာ့မီးရထားနှင့် ဂျပန်နိုင်ငံမှ West Corporation တို့အကြား စီမံကိန်းအတွက် စာချုပ်ချုပ်ဆို လက်မှတ် ရေးထိုးခြင်းကို ယမန်နေ့ ဇူလိုင်လ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117