Connect with us

Science & Technology

စွမ်းအင် ကဏ္ဍအတွက် ရက် ၁၀၀ အတွင်း ဆောင်ရွက်ပြီးစီးခဲ့မှုများ

အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စွမ်းအင် ကဏ္ဍအတွက် ရက် ၁၀၀ အတွင်း ဆောင်ရွက်ပြီးစီးခဲ့မှု များအား ယနေ့ သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင် က ရှင်းလင်းပြောကြားခဲ့သည်။

ဖြည့်တင်းပြီးရေနံဓာတ်ငွေ့ရည်အိုးများကို သိုလှောင်ရုံဖြင့် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း (ဃ-လိုင်စင်) နှင့် ဆိုင်ခန်းများဖြင့် သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း (င-လိုင်စင်) တို့ကို ထုတ်လုပ်ပေးနိုင်ရေးတို့ အား ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ယာယီလိုင်စင် (ဃ) ၁၉၉ဆိုင် နှင့် ယာယီလိုင်စင် (င) ၄၆၄ ဆိုင်ယာယီလိုင်စင်ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။
လေယာဉ်ဆီ ဌာနခွဲ (၁၁) ခု ဖြစ်သည့် နေပြည်တော်၊ တံတားဦး၊ မြစ်ကြီးနား၊ ဟဲဟိုး၊ တာချီလိတ်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ စစ်တွေ၊ မော်လမြိုင် နှင့် ကျောက်ဖြူလေဆိပ်တို့တွင် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကိုဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက် အရသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲမည့် ဘတ်စ်ကားများ အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ City Bus (BRT) ယာဉ် (၆၀) စီးအတွက် သဘာဝဓာတ်ငွေ့ တပ်ဆင်သုံးစွဲခွင့်အား ခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.