Connect with us

Science & Technology

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ကဏ္ဍ ရက်၁၀၀ ပြီးစီးမှု

အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် စုစုပေါင်း ဓာတ်အားရရှိမှုမှာ မြို့နယ် ၂၆ မြို့နယ်၊ ကျေးရွာပေါင်း ၁၅၉ ရွာ၊ အိမ်ထောင်စု ၁၆,၃၆၆ စုအား ဓာတ်အားရရှိသုံးစွဲနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် တပ်ဆင်စက်အား ၁၃၃ မဂ္ဂါဝပ်ရှိ မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ မော်လမြိုင်ဓာတ်အားပေးစက်ရုံစီမံကိန်း၏ STG-3 တည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်း ဆောင်ရွက် ပြီးစီးခဲ့ကြောင်း ရက်၁၀၀ စီမံကိန်း သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်ကပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် တပ်ဆင်စက်အား ၁၃၃ မဂ္ဂါဝပ်ရှိ မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း၊ မော်လမြိုင်ဓာတ်အားပေးစက်ရုံစီမံကိန်း၏ STG-3 တည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်း ဆောင်ရွက် ပြီးစီးခဲ့သည့်အတွက်လျှပ်စစ်ဓာတ်အားလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ခြင်း၊ ဓာတ်အားစနစ်တည်ငြိမ်ရေး နှင့် ဗို့အားပြည့်ဝစွာဖြန့်ဖြူးနိုင်ရေး အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။
ဖလမ်းဒေသကျေးရွာ ၁၀ ရွာ၊ အိမ်ထောင်စု ၆၇၀ စု၊ မအီမြို့နယ်ဒေသအတွင်းရှိ အိမ်ထောင်စု ၅၉၀ စု၊ နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။ ဓာတ်အားဖြန့်ဖြူးရေးအနေဖြင့် ကချင်ပြည်နယ် မော်ဟန်းကျေးရွာရှိ အိမ်ထောင်စု ၁,၂၀၀ မှာ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း ၊ ကယားပြည်နယ် တွင် ကျေးရွာပေါင်း ၉၅ ရွာ၊ အိမ်ထောင်စုပေါင်း ၄,၉၅၉ စု တို့မှာ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အား ပျောက်ဆုံးမှု လျှော့ချနိုင်ခြင်းတို့အပြင် ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် ကျေးရွာ ၁၆ ရွာမှ အိမ်ခြေ ၁,၇၁၃ အိမ်အား ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျေးရွာ ၁၁ ရွာ ရှိ၊ အိမ်ထောင်စုပေါင်း ၁,၃၈၂ စု၊ တမူးမြို့နယ်အတွင်း ရှိ ရပ်ကွက်၂ ခု ရှိ အိမ်ထောင်စုပေါင်း ၂၀၀ အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ဓာတ်အားခွဲရုံ (၄) အား တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် ကျေးရွာ ၁၅ ရွာမှ အိမ်ထောင်စုပေါင်း ၃,၅၁၀ စု အား လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရန်ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျေးရွာ ၅ရွာမှ အိမ်ထောင်စုပေါင်း ၇၀၀ အား၎င်း၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာမှ အိမ်ထောင်စုပေါင်း ၁,၃၇၂ စုအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.