China
ဖုဟွာနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (OIC) သတင်းဌာနများသမဂ္ဂ ညွှန်ကြားရေးမှူးချုပ် Muhammad bin Abd Rabbo Al-Yami တွေ့ဆုံဆွေးနွေး
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (OIC) သတင်းဌာနများသမဂ္ဂ ညွှန်ကြားရေးမှူးချုပ် Muhammad bin Abd Rabbo Al-Yami တို့သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် မေ ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက တရုတ်နိုင်ငံနှင့် အစ္စလာမ်မစ်ကမ္ဘာ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးသည် သမိုင်းကြောင်းကြာရှည်ကြောင်း၊ လက်ရှိတွင် နှစ်တစ်ရာအပြောင်းအလဲကြီးသည် အရှိန်မြင့် ဆင့်ကဲဖြစ်ပွားနေရာ မီဒီယာအခင်းအကျင်းကလည်း နက်ရှိုင်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် OIC သတင်းဌာနများသမဂ္ဂနှင့်အတူ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်၍ မီဒီယာ Think Tank ကူးလူးဖလှယ်မှုကဏ္ဍတွင် အဆက်မပြတ် စူးစမ်းလေ့လာကာ တရုတ်နိုင်ငံနှင့် အစ္စလာမ်မစ်ကမ္ဘာ ချစ်ကြည်ရေး နက်ရှိုင်းစေရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်အတွက် အကျိုးထမ်းဆောင်မှုအသစ်များ အတူတကွလုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
Muhammad bin Abd Rabbo Al-Yami က တရုတ်နိုင်ငံနှင့် အစ္စလာမ်မစ်ကမ္ဘာ ဆက်ဆံရေးနီးကပ်ပြီး ပူးပေါင်းဆောင်ရွက်မှု အလားအလာကျယ်ပြန့်ကြောင်း၊ OIC သတင်းဌာနများသမဂ္ဂသည် ဆင်ဟွာသတင်းဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး နက်ရှိုင်းစေပြီး အစ္စလာမ်မစ်ကမ္ဘာနှင့် တရုတ်နိုင်ငံ ကူးလူးဖလှယ် အပြန်အလှန်လေ့လာသင်ယူမှုကို အတူတကွမြှင့်တင်သွားလိုကြောင်း၊ နှစ်ဖက်ပြည်သူများ အပြန်အလှန်နားလည်မှု တိုးမြှင့်ရန်၊ ချစ်ကြည်ရင်းနှီးမှု နက်ရှိုင်းစေရန် တွန်းအားပေး၍ ကမ္ဘာ့တောင်ဘက်ခြမ်း ပြောရေးဆိုခွင့်များကို မြှင့်တင်ရန်အတွက် အတူတကွအကျိုးထမ်းဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
傅华会见伊斯兰合作组织通讯社联盟总干事
新华社开罗5月13日电(记者罗晨 王海洲)新华社社长傅华13日在开罗会见伊斯兰合作组织通讯社联盟总干事穆罕默德·本·阿卜杜勒·拉布·阿勒亚米。
傅华表示,中国同伊斯兰世界友好关系源远流长。当前百年变局加速演进,媒体格局发生深刻变化,新华社期待与伊斯兰合作组织通讯社联盟继续保持密切合作,在媒体智库交流方面不断探索,共同为深化中国与伊斯兰世界友谊、推动全球南方团结合作作出新的贡献。
阿勒亚米表示,中国同伊斯兰世界关系密切,合作空间广阔。伊斯兰合作组织通讯社联盟愿同新华社进一步深化合作,共同促进伊斯兰世界与中国交流互鉴,推动双方民众增进了解、深化友谊,共同为提升全球南方话语权作出贡献。(完)
图说:5月13日,新华社社长傅华在埃及开罗会见伊斯兰合作组织通讯社联盟总干事穆罕默德·本·阿卜杜勒·拉布·阿勒亚米。 新华社记者 陈君清 摄
