Connect with us

Science & Technology

Developer Conference 2016 ၊ ဒီဇင်ဘာလတွင် ကျင်းပမည်

Developer Conference 2015 မြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဆဋ္ဌမအကြိမ်မြောက် Developer Conference 2016 ကို ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့ တွင် ရန်ကုန်မြို့ရှိ MICT Park ၌ ကျင်းပမည်ဖြစ်ကြောင်း ၊အဆိုပါ ပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာပညာ ရှင်များအသင်း (MCPA )က ကြီးမှူးကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။

Developer Conference 2016 တွင် ပွင့်လင်းလာသော နိုင်ငံရေး၊ စီးပွားရေး၊ ဈေးကွက်နှင့် တိုးတက်လာသော နည်းပညာများကို ပညာရှင်များက စမ်းသပ်ထားသော နည်းသစ်များ၊ သိရှိထားသော ဗဟုသုတများနှင့် ဆောင်ရန်၊ ရှောင်ရန် များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Business Side of Software၊ Security၊ Software Development and Language၊ Experience Case Studies၊ Trends (Cloud, IoT, XaaS, Big Data,Apps, AI Bots), UI^UX နှင့် Other software related စသည့် နည်းပညာများကိုလည်း ပညာရှင်များက ဆွေးနွေး သွားမည်ဖြစ်ကြောင်း MCPA မှတာဝန်ရှိသူတစ်ဦးကပြောသည်။

Developer Conference 2016 သို့ တက်ရောက် လိုသူများအနေဖြင့် မှတ်ပုံတင် လက်မှတ် ကို MCPA ရုံး၌ ဝယ်ယူနိုင်ပြီး တက်ရောက်ခွင့် လက်မှတ်ကို ငွေကျပ် ၁ဝ,ဝဝဝ သတ်မှတ် ထားကြောင်း သိရသည်။ ပွဲမတိုင်မီ လာရောက် ဝယ်သူများအတွက် ငွေကျပ် ၅ဝဝဝ သတ် မှတ်ထားပြီး ကျင်းပမည့်နေ့တွင် ဝယ်ယူပါက အပြည့် ပေးဆောင် ရမည်ဖြစ်ကြောင်းနှင့် MCPA Student Member များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ် ၃ဝဝဝ သတ်မှတ် ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.