Connect with us

Science & Technology

တောင်ပေါ်မြေပြန့် အနှံ့ လျှပ်စစ် ဓာတ်အား ရာနှုန်းပြည့် အပြည့်အဝ ရရှိ သုံးစွဲ နိုင်စေရန် အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေး စီမံချက် ရေးဆွဲထား

အထက် ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း ဓာတ်အားပေး စက်ရုံ တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တောင်ပေါ် မြေပြန့် အနှံ့ လျှပ်စစ် ဓာတ်အားကို ရာနှုန်းပြည့် အပြည့်အဝ ရရှိ သုံးစွဲနိုင် စေရန် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက် (National Electrification Plan) အား လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန သည် ကမ္ဘာ့ဘဏ် အဖွဲ့၏ အကူအညီဖြင့် ရေးဆွဲထားကြောင်း သိရသည်။

လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာနသည် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ် ဓာတ်အား ရာနှုန်းပြည့် အပြည့်အဝ ရရှိ သုံးစွဲ နိုင်စေရန် အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေး စီမံချက် အကောင် အထည်ဖော်ရန် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများကို ဖွံ့ဖြိုးမှု မိတ်ဖက် နိုင်ငံတကာ အဖွဲ့ အစည်းများမှ အကူအညီ၊ နိုင်ငံတော် ဘတ်ဂျက်၊ ပုဂ္ဂလိက ပါဝင်မှု စသည့် ဘက်ပေါင်းစုံမှ ပူးပေါင်းမှု များဖြင့် စနစ်တကျ ထိရောက် အကျိုးရှိ စွာ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့သည်။

နှစ်စဉ် တိုးတက် သုံးစွဲလာသော လျှပ်စစ် ဓာတ်အားကို ဖြည့်ဆည်းပေးရန် ဓာတ်အား ထုတ်လုပ်မှု အပိုင်း၌ ရေအား လျှပ်စစ်စီမံကိန်း (၇) ခုနှင့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ (၃) ရုံ တို့အား အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး စုစုပေါင်း (၂၀၄၂ .၂) မဂ္ဂါဝပ်ကို လျာထားနှစ်ထက် ဆောလျင်စွာ ပြီးစီးနိုင် ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဓာတ်အား ထုတ်လုပ်မှု အပိုင်းတွင် တိုးတက် လာစေရေး အတွက် ၂၀၁၁-၂၀၁၂ ခုနှစ်မှ ၂၀၁၄-၂၀၁၅ ခုနှစ် အထိ တည်ဆောက် ပြီးစီးခဲ့သော ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ (၉) ရုံမှ စက်တပ်ဆင် အင်အား (၆၂၆) မဂ္ဂါဝပ်နှင့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ (၁၀) ရုံမှ စက်တပ်ဆင် အင်အား (၈၇၇ . ၄၉၄) မဂ္ဂါဝပ် တို့ကို တိုးချဲ့နိုင်ခဲ့ရာ စုစုပေါင်း စက်တပ်ဆင် အင်အား (၁၅၇၇.၄၉၄) မဂ္ဂါဝပ် တိုးတက် လာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.