Connect with us

Science & Technology

မြန်မာနိုင်ငံ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု ပြိုင်ပွဲ ဖွင့်လှစ်

မြန်မာနိုင်ငံ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၁၇ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲသို့သွားရောက် ယှဉ်ပြိုင်နိုင်ရန်နှင့် လုပ်သားများ၏ ကျွမ်းကျင်မှု စွမ်းရည် အရေးကြီးမှုကို ကျယ်ပြန့်စွာ သိရှိနိုင်ရန် မြန်မာနိုင်ငံ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု ပြိုင်ပွဲ ၂၀၁၆ ဖွင့်ပွဲ အခမ်းအနားအား ယနေ့မတ်လ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ ဗဟိုဆောက်လုပ်ရေး သင်တန်းကျောင်း (သုဝဏ္ဏ) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ပြဌာန်းရေး အဖွဲ့ဥက္ကဋ္ဌ ၊ အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်က မြန်မာလုပ်သားထု၏ ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြု စေရန် ၊ အလုပ်ရှင်နှင့် အလုပ်သမားများ အပါအဝင် မြန်မာပြည်သူ လူထုကြားတွင် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုများ ၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များနှင့် ပတ်သက်၍ ကျယ်ပြန့်စွာ သိရှိ နားလည် သဘောပေါက်စေရန်နှင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု စံသတ်မှတ်ချက်များကို နိုင်ငံတကာနှင့် တန်းတူ လိုက်မီစေရန် တို့ကို ရည်ရွယ်ပြီး ယခုကဲ့သို့ မြန်မာ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု ပြိုင်ပွဲကို အကောင်အထည်ဖော် ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်က မြန်မာနိုင်ငံ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား အားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု ပြိုင်ပွဲတွင် ယှဉ်ပြိုင်သူများ အသုံးပြုသည့် ပစ္စည်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ယခု ပြိုင်ပွဲတွင် ကျွမ်းကျင်မှု အသက်မွေးဝမ်းကြောင်း အလိုက် ကျွမ်းကျင်မှု လုပ်ငန်း အမျိုးအစား ၁၂ မျိုးကို ထည့်သွင်း၍ မတ်လ ၁၄ ရက်မှ ၂၀ ရက်အထိ ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး ပြိုင်ပွဲဝင် ၇၄ ဦး ၊ အကဲဖြတ် ဒိုင် ၆၇ ဦး ပါဝင်ပြီး ပြိုင်ပွဲမှ ထူးချွန်ပြီး အလား အလာ ရှိသည့် လူငယ်လုပ်သားများကို အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်နိုင်ရန် ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုပြိုင်ပွဲသည် မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် နိုင်ငံတော် အဆင့်ဖြင့် ပြုလုပ်သော ပြိုင်ပွဲ တစ်ရပ်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အဆင့် ကျွမ်းကျင်မှု ပြိုင်ပွဲများတွင် သုံးကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၀ ကြိမ်မြောက် အာဆီယံ အဆင့် ပြိုင်ပွဲတွင် ကျွမ်းကျင်မှု ၆ မျိုး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ကျွမ်းကျင်မှု ပြိုင်ပွဲမှ Medallion of Excellence ဆုတံဆိပ် တစ်ခု ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.