Connect with us

Science & Technology

ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ခံတံတားအား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ်ပြောင်း လဲရန်အကြိုလုပ်ငန်းစဉ်များဆောင်ရွက်မည်

ပန်းဆိုးတန်း-ဒလ ဆိပ်ခံတံတားအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ၁၉ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ဆူးလေဆိပ်ခံတံတားအား အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ်ပြောင်း လဲရန် ခွင့်ပြုချက်ရရှိပြီးနောက် အကြိုလုပ် ငန်းစဉ်များ စတင်ဆောင်ရွက်တော့မည်ဖြစ် ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဆိပ်ခံတံတားအား အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းအဖြစ် အဆင့်မြှင့်တင် နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဆူးလေဆိပ်ကမ်း သည် မြေ ၁၅ ဧကကျော် ကျယ်ဝန်းပြီး ဆူးလေအမှတ် ၁၊ ၂၊ ၃၊ ၄ ဆိပ်ခံတံတား များသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်များ တွင် ဆူးလေဆိပ်ခံတံတားလေးခု၌ ကုန် သေတ္တာနှင့် အထွေထွေကုန်စည်တင် အပြည်ပြည်ဆိုင်ရာသင်္ဘေ ာကြီးများ ဆိ ုက် ကပ်နိ ုင်သည့် ဆိပ်ကမ်းအဖြစ် အဆင့်မြှင့် တင်မွမ်းမံတည်ဆောက်ခြင်း၊ ခေတ်နှင့် လျော်ညီသော ကုန်ကိ ုင်တွယ်ကိရိယာများ တပ်ဆင်ခြင်း၊ ဆိပ်ကမ်းဆိ ုင်ရာ အဆောက် အအံ ုများ တည်ဆောက်ခြင်းလုပ်ငန်းများ လည်းပါဝင်မည်ဖြစ်သည်။ ထို့ကြောင့် ကနဦးအနေဖြင့် လုပ်ကိုင် လိ ုသော ပုဂ္ဂလိကကုမ္ပဏီများအား တင်ဒါခေါ် ယူခဲ့ပြီး နောက်ဆုံးတွင် စိန်ကောင်းရတနာကုမ္ပဏီမှ အားရွေးချယ်လုပ်ကိ ုင်ခွင့်ပြုခဲ့ရာ ယင်းကုမ္ပဏီအား လုပ်ငန်း လုပ်ကိုင်ခွင့်ကာလနှစ် ၃၀ ခွင့်ပြုသည့် Joint Venture စနစ်ဖြင့်လုပ်ငန်းများ ဆောင်ရွက် ခွင့်ပြုထားကြောင်း သိရသည်။ ဆူးလေဆိပ်ခံတံတားအဆင့်မြှင့်တင်ရန် လုပ်ငန်းကာလခြောက်နှစ်သတ်မှတ်ထားပြီး ပထမအဆင့် တည်ဆောက်ရေးလုပ်ငန်း ကာလကို နှစ်နှစ်သတ်မှတ်ထားကြောင်း သိရသည်။
ယခုသုံးလအတွင်း လုပ်ငန်းများစတင် လုပ်ကိုင်နိုင်ရန် လေ့လာမှုများပြုလုပ်ထားပြီး လုပ်ငန်းစဉ်များ စတင်နိုင် တော့မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ ဆိပ်ကမ်းဖွံ့ဖြိုး တိ ုးတက်ရေးစီမံ ကိန်းတွင်ပါဝင်သည့် နန်းသီတာဆိပ်ကမ်းနှင့် ပန်းဆိုးတန်း-ဒလ ခရီးသည်တင် ဆိပ်ခံဗော တံတားအား အဆင့်မြင့်ခရီးသည်တင်ဆိပ်ခံ ဗောတံတားအဖြစ် ပြောင်းလဲတည်ဆောက် ရန် စီစဉ်ထားကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.