Connect with us

Science & Technology

မြန်မာ့ကမ်းလွန်ရေနက်ပိုင်းတွင် သမိုင်း တစ်လျှောက်၌ ပထမဆုံး ကြီးမားသည့် ရှာဖွေတွေ့ရှိမှုအဖြစ် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကြီးကို ရှာဖွေတွေ့ရှိ

မြန်မာ့ ကမ်းလွန် လုပ်ကွက်အမှတ် A – 6 ၏ မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- စွမ်းအင်)

ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

မြန်မာ့ကမ်းလွန်ရေနက်ပိုင်းတွင် သမိုင်း တစ်လျှောက်၌ ပထမဆုံး ကြီးမားသည့် ရှာဖွေတွေ့ရှိမှုအဖြစ် မြန်မာနိုင်ငံ ကမ်းလွန်လုပ်ကွက် A – 6 ရေနက်ပိုင်းတွင် ရွှေရည်ထွန်း တွင်းအမှတ်-၁ ၌ သဘာဝဓာတ်ငွေ့ ကော်လံ ၄၂၃ ပေ ( ၁၂၉ မီတာ) ခန့်ရှိသည့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း MPRL ၏ သတင်းထုတ်ပြန်ချက်အရ သိရှိ ရသည်။

လုပ်ကွက်အမှတ် A – 6 ၏ Operator ဖြစ်သည့် MPRL E & P ရေနံကုမ္မဏီသည် ရွှေရည်ထွန်း တွင်းအမှတ်-၁ ၌ သဘာ၀ ဓာတ်ငွေ့ရှာဖွေ တွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ပင်လယ်ရေအနက် ပေ ၆၆၇၀ (မီတာ ၂၀၃၀) ခန့်တွင် တွင်းအနက် ၁၇၄၀၈ ပေ ( ၅၃၀၆ မီတာ) အထိ တူးဖော် ခဲ့သည့် ရွှေရည်ထွန်းတွင်းအမှတ် – ၁ တွင် သဘာဝဓာတ်ငွေ့ ကော်လံ ၄၂၃ ပေ ( ၁၂၉ မီတာ) ခန့်ရှိသည့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါတွင်းကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်တူးဖော်ခဲ့ခြင်း ဖြစ်ပြီး MPRL E & P သည် မြန်မာ အမျိုးသားများ ဦးဆောင်သည့် ရေနံကုမ္ပဏီ တစ်ခုဖြစ်ပြီး လုပ်ကွက်အမှတ် A – 6 ၏ Operator အဖြစ် ၂၀၀၇ ခုနှစ် တွင် လက်မှတ်ရေးထိုးစာချုပ် ချုပ်ဆိုကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများကို တစ်ဖွဲ့တည်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခြင်းဖြင့် စတင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးတိုင်းတာရရှိထားသော အချက်အလက်များအရ အဆိုပါ ၄၂၃ ပေ ရှိသော သဘာ၀ ဓာတ်ငွေ့ ကော်လံတွင် သဲကြော ၃ ကြော ပါဝင်ပြီး ၎င်း၏ Net Pay မှာ အနည်းဆုံး ပေ ၅၀ ( ၁၅ မီတာ) ခန့် ရှိကြောင်း၊ ယင်းအချက်အလက်များမှာ ကနဦး ရှာဖွေတွေ့ရှိသည့် အချက် အလက် များဖြစ်ပြီး အကဲဖြတ်သုံးသပ်မှုများကို ဆက်လက် ဆောင်ရွက် ဆဲဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.