Connect with us

Science & Technology

ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု မီးပွိုင့် အလိုအလျောက် ထိန်းချုပ်မှု စနစ် အသုံးပြုကာ ခြောက်လအတွင်း ဖြေရှင်းမည်

မီးပွိုင့် အလိုအလျောက် ထိန်းချုပ်မှု စနစ်ဖြင့် ခြောက်လအတွင်း ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုအား ဖြေရှင်းမည်

ရန်ကုန် ၊ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှု များကို ဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်မြို့တွင်းရှိ မီးပွိုင့် ၁၅၄ ခုကို ခေတ်မီ မီးပွိုင့်များ တပ်ဆင်ကာ တစ်နေရာတည်းမှ နေ၍ ထိန်းချုပ်မည့် စနစ်ကို ခြောက်လအတွင်း အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း Common Center (ထိန်းချုပ်မှု စင်တာ) ၏ အကြံပေးဖြစ်သူ ဒေါက်တာ မောင်အောင်က ပြောသည်။

ခေတ်မီ မီးပွိုင့်များ တပ်ဆင်ရန်နှင့် တစ်နေရာတည်းမှ နေ၍ မီးပွိုင့်များကို ထိန်းချုပ်ပေးသွားမည့် (Common Center) ကို လုပ်ဆောင်နိုင်ရန် အတွက် ပုဂ္ဂလိက ကုမ္ပဏီများအား နိုဝင်ဘာ နောက်ဆုံးပတ် အထိ တင်ဒါများ ခေါ်ယူခဲ့ကြောင်း၊ ယခုအခါ အဆိုပါ လုပ်ငန်း လုပ်ကိုင်နိုင်ရန် အတွက် ကုမ္ပဏီ လေးခုကို စိစစ် ရွေးချယ်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကောင်အထည် ဖော်ရန် ရွေးချယ်ထားသည့် ကုမ္ပဏီ လေးခုမှ မကြာခင် ရွေးချယ်ပြီး ကြေညာသွားမည်ဟု သိရသည်။ ကြေညာပြီး ခြောက်လအတွင်း Common Center အပါအဝင် မီးပွိုင့် ၁၅၄ ခု မှာ Automatic Control System သုံးပြီး ယာဉ်ကြော ပိတ်ဆို့တဲ့နေရာ တွေအတွက် ထိန်းချုပ် ဖြေရှင်းမည် ဖြစ်ကြောင်း ဆိုသည်။

ရန်ကုန်မြို့တွင် လက်ရှိ တပ်ဆင် ထားသည့် မီးပွိုင့်များသည် Manual (လူဖြင့် ထိန်းချုပ်သည့် စနစ်) ဖြစ်ပြီး တစ်ဖက်ကို ဦးစားပေး လွှတ်လိုက်ပါက တစ်ဖက်တွင် ယာဉ်ကြော ပိတ်ဆို့ ကျပ်တည်းမှုများအား ရင်ဆိုင်နေရသည့် အပြင် မီးပွိုင့်များ မကြာခဏ ပျက်ခြင်းနှင့် မီးပွိုင့်စနစ် ချို့ယွင်းမှုများလည်း ရှိနေသည်။ ယခု တပ်ဆင်မည့် ခေတ်မီ မီးပွိုင့်များသည် လက်ရှိ နိုင်ငံတကာတွင် လုပ်ဆောင်နေသည့် Automatic System ဖြစ်ပြီး electronic police စနစ်များ၊ အနီးကပ် အထိ ဆွဲယူကြည့်ရှု နိုင်သည့် ကင်မရာများ ပါဝင်မည် ဖြစ်ကာ ယာဉ်စည်းကမ်း ချိုးဖောက်မှု များအားလည်း မှတ်တမ်း တင်ထား နိုင်မည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ ယာဉ်များအား တစ်နေရာတည်းမှ ကြည့်ရှု ထိန်းချုပ်နိုင်သည့် Common Centerကိုမူ ရန်ကုန်မြို့ ပြည်သူ့ ဥယျာဉ်အတွင်း၌ ထားရှိမည်ဖြစ်ကာ Common Center တွင် ခေတ်မီ နည်းပညာများ အသုံးပြုရမည် ဖြစ်သောကြောင့် ဝန်ထမ်းများ သီးသန့် ခန့်သွားမည်ဖြစ်ပြီး ယာဉ်ထိန်းရဲ အချို့အားလည်း ခေါ်ယူ၍ သင်တန်း Training ပေးမည် ဖြစ်ကြောင်း သိရသည်။

ခေတ်မီ မီးပွိုင်များ တပ်ဆင်ရန် အတွက် တင်ဒါ ခေါ်ယူရာတွင် အဖွဲ့ဝင် ၁၇ ယောက်ပါဝင်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အစိုးရ ဌာနဆိုင်ရာများ၊ Traffic နှင့် ပတ်သက်သည့် ပြင်ပ ပညာရှင်များ၊ IT နှင့် ပတ်သက်သည့် ပညာရှင်များ ပါဝင်သည်။ BRT (Bus Rapid Transit) အများပိုင် ဘတ်(စ်) ကားများ ပြေးဆွဲရန် အတွက်မူ ဒေါက်တာ မောင်အောင်က ဥက္ကဋ္ဌ အဖြစ် တာဝန် ယူလုပ်ဆောင်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.