Connect with us

Science & Technology

ရခိုင်ပြည်နယ် ဘူးသီးတောင်-အောင်ဇေယျ-အငူမော်လမ်း ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူပြုပြင်လျက်ရှိ

ဘူးသီးတောင်-အောင်ဇေယျ-အငူမော်လမ်း ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူပြုပြင်လျက်ရှိသည့်လမ်းအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင် – သပိတ်တောင်-ညောင် ချောင်း-အောင်ဇေယျ-အငူမော်လမ်း သည် ၄၆ မိုင် ၅ ဖာလုံရှိသည်။ ယခုအခါ အဆိုပါလမ်းအား ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူပြီး တာပေါင်ချဲ့ခြင်း၊ ဖြုန်း ကျောက်ခင်းခြင်း၊ တံတားများပြုပြင် တည်ဆောက်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဘူးသီးတောင်မြို့သည် စစ်တွေမြို့မှ ရေမိုင် ၇ဝ ကွာဝေးပြီး သင်္ဘောအမြန် ရေယာဉ်၊ စက်လှေစသည့် ရေလမ်းခရီး ဖြင့်သာ အဓိက သွားလာနေရသော ဒေသဖြစ်သည်။ ၁၉၇ဝ ပြည့်နှစ်က ဘူးသီးတောင်မြို့နယ် ပြည်သူလူထု လုပ်အားဖြင့် ဘူးသီးတောင်-သပိတ် တောင်-ညောင်ချောင်း-အောင်ဇေယျ-အငူမော်လမ်းအား စတင်ဖောက်လုပ် ခဲ့ရာ ဘူးသီးတောင်မှ အငူမော်လမ်းပိုင်း အထိ ၄၆ မိုင် ၅ ဖာလုံရှည်လျားပြီး ဘူးသီးတောင်မြို့နယ် အပိုင်း ၁၉/၂ မိုင်၊ ရသေ့တောင်မြို့နယ်အပိုင်း ၁၇/၃ မိုင် ဟူ၍ ပေါ်ပေါက်ခဲ့သည်။

ထိုလမ်းသည် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် တောင်ဘက်ရှိ ကျေးရွာများအတွက် အဓိက ပင်မ လမ်းမကြီးတစ်လမ်းဖြစ်ပြီး စည်ပင် သာယာရေးဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်းစဉ်က အဖွဲ့ရန်ပုံငွေဖြင့် ကျောက်ချောလမ်းခင်းခြင်း၊ သစ်သား တံတားများ တည်ဆောက်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ လမ်းအား ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူပြီး တင်ဒါစနစ်ဖြင့် ကျောက်ချောလမ်း ၁၈/၇ မိုင်ခင်းခြင်း၊ သံကူကွန်ကရစ် တံတား ခုနစ်စင်း၊ ရေပြွန်တံတား ခြောက်စင်း တည်ဆောက်ပေးခဲ့ သော်လည်း အပြီးသတ် ဆောင်ရွက်နိုင် ခြင်းမရှိကြောင်း၊၂ဝ၁၇ ခုနှစ် နိုဝင်ဘာလမှစ၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းနှင့် တံတားများအား စတင် ဖောက်လုပ်ပြုပြင်ခဲ့ရာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်ကုန်ပိုင်းတွင် လမ်းတံတား လုပ်ငန်းများ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.