Connect with us

Science & Technology

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မှ သန့်ရှင်း ရေးယာဉ်များ စတင်အသုံးပြုသွားမည်

သန့်ရှင်းယာဉ်အားတွေ့ရစဉ် (ဓာတ်ပုံ--M.O.I)

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြလမ်းများ သန့်ရှင်းရေးဆောင်ရွက်ရာတွင် သန့်ရှင်း ရေးယာဉ်များ စတင်အသုံးပြုသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ခေတ်မီသန့်ရှင်းရေးယာဉ် များကို ဂျာမနီနိုင်ငံHAKO Group က တင်သွင်းလာခြင်းဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် တစ်စီးငွေကျပ်သိန်း ၁ဝဝဝ တန်ဖိုးရှိကြောင်း၊ လောလော ဆယ် တစ်ခရိုင်တစ်စီးနှုန်းဖြင့် လေးစီး တင်သွင်းလာကြောင်း၊ ယာဉ်တစ်စီး ရှစ်နာရီလျှင် အကျယ်အဝန်း ၁၄၄,ဝဝဝ စတုရန်းမီတာကို သန့်ရှင်းရေးပြုလုပ်နိုင် ကြောင်း၊ တစ်ခရိုင်လျှင် လေးစီးနှုန်း အသုံးပြုပါက ခရိုင်တစ်ခုလုံး လူအင်အား သုံးစရာမလိုတော့ဘဲ သန့်ရှင်းရေးပြုလုပ် ပေးနိုင်မည်ဖြစ်ကြောင်း၊ ယာဉ်တစ်စီး၏ လုပ်ကိုင်နိုင်စွမ်း သည် လူ ၂ဝဝ အသုံးပြုမှု နှင့် ညီမျှကြောင်း၊ သန့်ရှင်းရေးယာဉ်များ သည် လမ်းပေါ်ရှိ အမှိုက်သရိုက်အမျိုးမျိုး၊ ပုလင်းနှင့်ဘူးအမျိုးမျိုး၊ ခဲလုံးများ၊ လမ်းများပေါ်တင်ကျန်နေသော ရေများ ကို စုပ်ယူသိမ်းဆည်းပေးသွားနိုင် မည် ဖြစ်ကြောင်း၊ ယာဉ်လေးစီး၏စွမ်းဆောင်မှု သည် သန့်ရှင်းရေး၊ အမှိုက်လှည်းဝန်ထမ်း တစ်ထောင်ခန့်နှင့် ညီမျှကြောင်း သိရ သည်။

ယင်းကဲ့သို့ သန့်ရှင်းရေးယာဉ်များကို နိုင်ငံပေါင်း ၁ဝဝ ၌ အသုံးပြုလျက် ရှိကြောင်း၊ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် ဗီယက်နမ်တို့ပြီးလျှင် မြန်မာနိုင်ငံ သည်လည်း စတင်အသုံးပြုလာနိုင် သည့် နိုင်ငံဖြစ်ကြောင်း၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် သုံးစွဲမှု အများဆုံး နိုင်ငံ များဖြစ်ကြောင်း၊ ယခု တင်သွင်းသည့် အမျိုးအစားမှာ City Master 1250 ဖြစ်ပြီး ဆီစားသက်သာ သည့် ဒီဇယ်အင်ဂျင်အမျိုးအစားဖြစ် ကြောင်း၊ အီးယူ၏ စံသတ်မှတ်ချက်နှင့် အညီ အသံဆူညံမှုနှင့် မီးခိုးထွက်မှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။ ထိုယာဉ်များကို ဟိုတယ်နှင့် ဂေါက်ကွင်း များ၊ အပန်းဖြေစခန်း၌လည်း အသုံးပြု နိုင်ကြောင်း သိရသည်။

သန့်ရှင်းရေးယာဉ်များက စုပ်ယူ သိမ်းဆည်းလိုက်သော အမှိုက်များကို အမှိုက်ကားများပေါ်သို့ တင်ပို့ပေးနိုင် သော ဟိုက်ဒရောလစ်စနစ်လည်း ပါရှိ ကြောင်း၊ ထိုယာဉ်များသည် လမ်းများ ပေါ်ရှိ ကွမ်းတံတွေးများကိုပင် သန့်ရှင်းပေးနိုင်စွမ်းရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.