Connect with us

Science & Technology

၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ၌ ၆၆ ကေဗွီဓာတ်အားလိုင်းစီမံကိန်းလေးခု အကောင်အထည်ဖော်ပြီးစီး

ဓာတ်အားလိုင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ၆၆ ကေဗွီ ဓာတ်အားလိုင်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ဇန်နဝါရီလ၌ ၆၆ ကေဗွီဓာတ်အားလိုင်း စီမံကိန်းလေးခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက လစဉ်ကျင်းပသည့် သတင်းထုတ်ပြန်ခြင်း အခမ်းအနားမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ၆၆ ကေဗွီဓာတ်အား လိုင်း စီမံကိန်းလေးခုမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)ကျေးသီးမြို့နယ်ရှိ မိုင်းနောင်-ကျေးသီးဓာတ်အား လိုင်းစီမံကိန်း၊ မိုင်းရှူးမြို့နယ်ရှိ မိုင်းနောင်-မိုင်းရှူး ဓာတ်အားလိုင်းစီမံကိန်း၊ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်ရှိ ချောင်းကူး-ပေါက် ဓာတ်အားလိုင်း စီမံကိန်းနှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်ရှိ ပေါက်- မင်းတပ် ဓာတ်အားလိုင်းစီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။

မိုင်းနောင်-ကျေးသီးဓာတ်အားလိုင်းစီမံကိန်း သည် ၂၈.၁၉ မိုင်ရှည်လျားသော ဓာတ်အား လိုင်းဖြစ်ပြီး ကျေးသီးမြို့နယ်အနီးဝန်းကျင်ရှိ ကျေးရွာ ကိုးရွာမှ အိမ်ခြေ ၅၄၆ အိမ်ကိုလည်းကောင်း၊ မိုင်နောင်-မိုင်းရှူး ဓာတ်အားလိုင်းစီမံကိန်းသည် ၃၅.၅ မိုင်ရှည်လျားသည့် ဓာတ်အားလိုင်း ဖြစ်ပြီး မိုင်းရှူးမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများ ကိုလည်းကောင်း၊ ချောင်းကူး-ပေါက်ဓာတ်အားလိုင်း စီမံကိန်းသည် ၃. ၅၉ မိုင်ရှည်လျားသည့် ဓာတ်အားလိုင်းဖြစ်ပြီး ပေါက်မြို့နှင့် အနီးဝန်းကျင် ဒေသများရှိ ကျေးရွာ ကိုးရွာမှ အိမ်ခြေ ၁၂ဝ၄ အိမ်ကိုလည်းကောင်း၊ ပေါက်-မင်းတပ် ဓာတ်အား လိုင်းစီမံကိန်းမှ မင်းတပ်မြို့ပေါ် ရပ်ကွက်လေးခုနှင့် အိမ်ခြေ ၁၈၆၉ အိမ်ကိုလည်းကောင်း ဓာတ်အားစနစ် မှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနက အကောင်အထည်ဖော်ပြီးစီးခဲ့သည့် အထက်ပါ ၆၆ ကေဗွီဓာတ်အားလိုင်းစီမံကိန်း လေးခုကို ၂ဝ၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီ ၂၄၊ ၂၅၊ ၂၉ နှင့် ၃၁ ရက်တို့တွင် ဓာတ်အားများ အသီးသီးပို့လွှတ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.