Connect with us

Science & Technology

ရေကူး အသံလွှင့် စက်ရုံဝင်းနေရာ တင်ဒါ အောင်မြင်သူမရှိဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့ နယ်ရှိ ရေကူးအသံလွှင့် စက်ရုံဝင်း အား Google Map မှ မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို ့နယ်ရှိ ရေကူးအသံလွှင့် စက်ရုံဝင်း နေရာတွင် မီဒီယာနှင့် ပတ်သက်သည့် အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် လက်ရှိ အသံလွှင့် စက်ပစ္စည်းများကို သင့်လျော်သည့် နေရာသို့ ပြောင်းရွှေ ့တည်ဆောက်ရေးနှင့် ပတ်သက်သည့် တင်ဒါ အောင်မြင်သူ မရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း ၊ ရောင်းချခြင်း ၊ ဌားရမ်းခြင်း လုပ်ငန်း ကော်မတီမှ သတင်း ထုတ်ပြန်လိုက်သည်။

နောက်ဆုံး တင်ဒါ ပိတ်သိမ်းချိန်ကို တစ်လ ထပ်မံတိုးမြှင့် ခဲ့သော်လည်း မူလက ကုမ္ပဏီ ၆ ခုမှ အဆိုပြုလွှာ တင်သွင်းခဲ့ရာမှ တင်ဒါ ပိတ်သိမ်းရန် သတ်မှတ်ထားသည့် ဇူလိုင် ၁၇ ရက်တွင် ကုမ္ပဏီ ၂ ခုသာ တင်ဒါအဆိုပြုလွှာ တင်သွင်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏ သတ်မှတ်ထားသည့် အခြေခံ လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိသည့်အတွက် တင်ဒါအောင်မြင်သူ မရှိဟု သတင်း ထုတ်ပြန်ချက်ချက်တွင် ဖော်ပြထားသည်။

ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ ရေကူး အသံလွှင့် စက်ရုံဝင်း နေရာတွင် စက်ရုံ ဧရိယာအတွင်းရှိ အိမ်ရာများ၊ ဆိုင်ခန်းများ၊ ရုံးခန်းများနှင့် မြေများအား အခြားသူ တစ်ဦးဦးသို့ရောင်းချခြင်း၊ ငှားရမ်းခြင်း မပြုဘဲ မီဒီယာ နှင့်ပတ်သက် ဆက်စပ်သည့် အဆောက်အအုံများ ဆောက်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်ရန်နှင့် လက်ရှိ အသံလွှင့် စက်ပစ္စည်းများကို သင့်လျှော်သည့် နေရာသို့ပြောင်းရွှေ ့တည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါ ပိတ်သိမ်းသည့် ဇွန်လ ၁၉ ရက်နေ့အထိ ကုမ္ပဏီ ၆ ခုမှ တင်ဒါပုံစံများ လာရောက် ဝယ်ယူခဲ့သည်။

သို့ရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ လုပ်ငန်း ပမာဏ ကြီးမားသည့် အတွက် တင်ဒါ ဝယ်ယူသူများသည် တင်ဒါ စည်းကမ်းချက်ပါ အဆိုပြုလွှာတွင် ပါဝင်ရမည့် အချက်အလက်များကို ပြည့်စုံစွာ ပြုစုခြင်း၊ ဆောင်ရွက် မည့်လုပ်ငန်းအလိုက် ဒီဇိုင်း ပုံစံများအပါအဝင် အသေးစိတ် စီမံချက်ကို ရေးဆွဲ တင်ပြရမည် ဖြစ်သဖြင့် အချိန် လုံလောက်စွာ ရရှိစေရန် အဆိုပြုလွှာ တင်သွင်းရမည့် ရက်ကို ဇွန်လ ၁၉ ရက်နေ့အစား ဇူလိုင်လ ၁၇ ရက်နေ့သို့ ၁ လ တိုးမြှင့် သတ်မှတ် ပေးခဲ့သည်။ ယခုအခါ တင်ဒါ ပိတ်သိမ်းရန် သတ်မှတ်ထားသည့် ဇူလိုင်လ ၁၇ ရက်နေ့အထိ ကုမ္ပဏီ ၂ ခုမှ အဆို ပြုလွှာ တင်သွင်းခဲ့သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.