Connect with us

Science & Technology

အော်တို ဖုန်းလိုင်း တပ်ဆင်ခများ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထက်ဝက် လျှော့ချ

နေအိမ်တွင် ကြိုးဖုန်း အသုံးပြုနေသူ တစ်ဦး (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ အော်တို ဖုန်းလိုင်း (ကြိုးဖုန်း) တပ်ဆင်ခများကို ယနေ့မှ စ၍ ထက်ဝက် လျှော့ချ ပေးသွားမည့်အပြင် နောင်နှစ် အနည်းငယ်အတွင်း လိုင်းဖုန်းများ၏ လက်ရှိ စွမ်းဆောင်ရည်ကို နှစ်ဆ မြှင့်တင်မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လိုင်းဖုန်းများကို အိမ်သုံးသာမက စီးပွားရေး လုပ်ငန်းများ အတွက်ပါ ပိုမို ကျယ်ပြန့် သက်သာစွာ သုံးစွဲစေနိုင်ရန် PSTN (အော်တိုလိုင်းဖုန်း) တပ်ဆင်ခများကို ယခင် ကျပ် ၆ သိန်းခွဲမှ ယခု ၃၂၅,၀၀၀ ကျပ်သို့ ယနေ့မှစ၍ ထက်ဝက် လျှော့ချ ပေးသွားမည်ဟု (MPT) မှ တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။

စီးပွားရေး လုပ်ငန်းများတွင် လိုင်းခွဲ ဖုန်းများသုံးစွဲရန်နှင့် ADSL အင်တာနက်ကို သုံးစွဲရန် လိုင်းဖုန်းများကို ပိုမိုလိုအပ်ပါကြောင်း၊ လိုင်းဖုန်း တပ်ဆင်ခများကို ယခုကဲ့သို့ လျှော့ချ ပေးခြင်းအားဖြင့် အိမ်သုံး အတွက်သာမက ၊ စီးပွားရေး လုပ်ငန်းများပါ လိုင်းဖုန်း တပ်ဆင်မှုများ ပိုမို များပြားလာမည်ဟု ယုံကြည် စိတ်ချမှုရှိသည့် အပြင် သုံးစွဲသူများကို ဝန်ဆောင်မှု ပေးရန်လည်း အဆင်သင့် ရှိနေကြောင်း (MPT) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.