Connect with us

Science & Technology

လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး သထုံ သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အား ပေးစက်ရုံ တည်ဆောက်ရေး စာချုပ် ချုပ်ဆို

သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်း အတွက် China Energy Engineering Group (CEEC) နှင့် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းတို့ သဘောတူ စာချုပ် လက်မှတ် ရေးထိုးနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မွန်ပြည်နယ် သထုံမြို့တွင် (၁၁၉) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံ စီမံကိန်း အတွက် China Energy Engineering Group (CEEC) နှင့် မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းတို့ သဘောတူ စာချုပ် လက်မှတ် ရေးထိုး လိုက်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ အစီအစဉ် IDA ချေးငွေကို အသုံးပြု၍ (၁၁၉) မဂ္ဂါဝပ် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အား ပေးစက်ရုံ စီမံကိန်း အတွက် စက်ရုံ တည်ဆောက်ရေးအား China Energy Engineering Group (CEEC) နှင့် ဇန်နဝါရီလ ၂၆ ရက်တွင် နေပြည်တော်၌ စာချုပ် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သထုံ သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်း အတွက် မြန်မာ့ လျှပ်စစ် ဓာတ်အား လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးထိန်လွင် နှင့် China Energy Engineering Group Group (CEEC) မှ Vice President Mr.REN SHENGCHUN တို့က စာချုပ်များအား လက်မှတ်ရေးထိုး အပြန်အလှန် လဲလှယ် ခဲ့ကြကြောင်း သိရသည်။

ထိုလက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ ကမ္ဘာ့ဘဏ်မှ Country Manager Mr. Abdoulaye Seck ၊ မြန်မာ နိုင်ငံဆိုင်ရာ နော်ဝေ နိုင်ငံ သံရုံးနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဦးခင်မောင်စိုးနှင့် ဦးဇေယျာအောင်၊ ဒုတိယ ဝန်ကြီးများ၊ ညွှန်ကြား ရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ China Energy Engineering Group (CEEC) မှ Vice President Mr.REN SHENGCHUN နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.