Connect with us

Science & Technology

၂၀၁၅-၂၀၁၆ ခုနှစ်တွင် နိုင်ငံတစ်ဝန်း ဓာတ်အားပေး စက်ရုံများမှ ၅,၂၃၅ မဂ္ဂါဝပ် ရရှိပြီး အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်း လျှပ်စစ် ဓာတ်အား ရရှိ သုံးစွဲနိုင်မည်

လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

နိုင်ငံတစ်ဝန်း ဓာတ်အားပေး စက်ရုံများမှ တစ်ဆင့် ယခု ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ရေအား ၃,၁၈၅ မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ ၁,၈၂၉ မဂ္ဂါဝပ်၊ ကျောက်မီးသွေး ၁၂၀ မဂ္ဂါဝပ်၊ ဒီဇယ် ၁၀၁ မဂ္ဂါဝပ် တို့ဖြင့် စုစုပေါင်း စက်တပ်ဆင် အင်အား ၅,၂၃၅ မဂ္ဂါဝပ် ရရှိလာမည် ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်း တို့မှာ လျှပ်စစ် ဓာတ်အား ရရှိ သုံးစွဲနိုင်မည် ဖြစ်ကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။

ယခုအချိန်တွင် မြို့ပေါင်း ၃၉၈ မြို့၊ ရွာပေါင်း ၂၉,၃၀၄ ရွာကို ဓာတ်အား ဖြန့်ဖြူး ပေးထားကြောင်း ၊ ၂၀၁၀-၂၀၁၁ ခုနှစ် ကာလတွင် ဓာတ်အား သုံးစွဲမှု ၃,၄၁၃ မဂ္ဂါဝပ်သာ ရှိရာမှ ယခု ၂၀၁၅-၁၆ ခုနှစ်တွင် ၅,၂၃၅ မဂ္ဂါဝပ် ရရှိလာမည် ဖြစ်သည့် အတွက် (၁,၈၂၂) မဂ္ဂါဝပ်ခန့် တိုးချဲ့ တည်ဆောက် နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တောင်ပေါ် မြေပြန့် အနှံ့ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲ နိုင်စေရန် ၂၀၃၀-၃၁ ခုနှစ် တွင် ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ လျှပ်စစ် ဓာတ်အား ပေးနိုင်စေမည့် အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေး စီမံချက် (National Electrification Plan) ကို ကမ္ဘာ့ဘဏ် အဖွဲ့၏ အကူအညီဖြင့် ရေးဆွဲထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.