Connect with us

Science & Technology

ရန်ုကုန်မြို့တော်၏ လျှပ်စစ် ဓာတ်အား ပို့လွှတ်မှု လမ်းကြောင်း အဆင့် မြှင့်တင်ရန် ADB မှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၈ဝ အကူအညီ ပေးအပ်မည်

မြန်မာနိုင်ငံ အတွင်းရှိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသော မဟာဓာတ်အားလိုင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရန်ုကုန်မြို့တော်၏ လျှပ်စစ် ဓာတ်အား ပို့လွှတ်မှု လမ်းကြောင်း စနစ်ကို ၂၃ဝ ကီလို ဗို့အားအထိ ပို့လွှတ်နိုင်ရေး အဆင့် မြှင့်တင်ရန် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၈ဝ အကူအညီအား အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ပေးအပ်သွားမည် ဖြစ်ပြီး ယင်း အဆင့် မြှင့်တင်မှုကြောင့် ဓာတ်အား သုံးစွဲသူ တစ်သန်းခန့်အကျိုးကျေးဇူး ရရှိစေမည်ဟု ADB မှ သတင်း ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု တိုးတက် ကောင်းမွန်စေရေး စီမံကိန်းအရ ၆၆ ကီလိုဗို့ ပို့လွှတ် နေသော သီတာ-သာကေတ-ကျိုက္ကဆံဓာတ်အား ပို့လွှတ်မှုလိုင်းကို ၂၃ဝ ကီလိုဗို့အထိ ပို့လွှတ် နိုင်ရန် အဆင့် မြှင့်တင်ခြင်းနှင့် တောင်ဥက္ကလာပနှင့် အနောက်ပိုင်း တက္ကသိုလ် တို့တွင် ဓာတ်အားခွဲရုံ သစ် ၂ ရုံ တည်ဆောက်ခြင်း တို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်းသည် အလုံ၊ သီတာ၊ သာကေတ၊ တောင်ဥက္ကလာပ၊ လှော်ကား၊ မြောင်းတကာ၊ အနောက်ပိုင်း တက္ကသိုလ် ၊ လှိုင်သာယာမြို့နှင့် အလုံမြို့အနောက်ပိုင်း တို့ကို လွှမ်းခြုံမှု ရှိသော အလွန် အရေးပါသည့် ၂၃၀ ကီလိုဗို့အားရှိ ဓာတ်အား ပို့လွှတ်ရေး ကွန်ရက် ပြီးမြောက်စေရန် ကူညီမည် ဖြစ်ပြီး မြန်မာ့ လျှပ်စစ် ဓာတ်အား လုပ်ငန်းမှ ဆောင်ရွက်နေသော လျှပ်စစ် ဓာတ်အား ပို့လွှတ်မှု ဆိုင်ရာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အထောက်အကူ ပြုစေမည်ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့် ဆယ်စုနှစ် အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ တစ်နှစ်လျှင် ၇.၈ ရာခိုင်နှုန်း ဝန်းကျင်ဖြင့် တိုးတက်မည်ဟု မျှော်မှန်းထားပြီး ၂ဝ၃ဝ ခုနှစ် အထိ နှစ်စဉ် ဓာတ်အား လိုအပ်ချက် ၉ ရာခိုင်နှုန်းကျော် ရှိမည်ဟု ခန့်မှန်းထားကြောင်း ၊ မြန်မာနိုင်ငံ အစိုးရသည် နိုင်ငံ၏ စွမ်းအင် ရည်မှန်းချက်များကို ပြည့်မီရန် ပင်မ အစီအမံ တစ်ခုကို ရေးဆွဲထားပြီး ဖြစ်၍ ယင်း၏ အခြေခံ အဆောက်အအုံ အဆင့်မြှင့်တင်ခြင်း ၊ ဥပဒေ စည်းမျဉ်း စည်းကမ်းများ ချမှတ်ခြင်းနှင့် အဖွဲ့အစည်း ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း ဆောင်ရွက်ချက်များကို ADB မှ အကူအညီ ပြုလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီမံကိန်းအတွက် ADB ၏ အထူး သက်သာ ချေးငွေအပြင် မြန်မာနိုင်ငံ အစိုးရမှလည်း အမေရိကန် ဒေါ်လာ ၃.၃ သန်း သုံးစွဲမည် ဖြစ်ပြီး စီမံကိန်းကို ၃ နှစ်ခန့်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.