Connect with us

Science & Technology

MNA လေကြောင်းလိုင်း၏ ဆဋ္ဌမမြောက်လေယာဉ်သစ် ရောက်ရှိ

အမျိုးသားလေကြောင်းလိုင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- MNA)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာ အမျိုးသားလေကြောင်းလိုင်း Myanmar National Airlines (MNA) ၏ ပြည်တွင်း ပြည်ပခရီးစဉ်များတွင် တိုးချဲ့ ပြေးဆွဲရန် ပြည်ပမှ မှာယူထားသည့် ဆဋ္ဌမမြောက် လေယာဉ်သစ် ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း အဆိုပါ လေကြောင်းလိုင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထပ်မံရောက်ရှိလာသည့် လေယာဉ်သစ် ATR 72-600 XY သည် ATR ကုမ္ပဏီမှ မှာယူထားသော လေယာဉ်ဖြစ်ကြောင်း၊ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ATR လေယာဉ်သစ်များအပြင် ဘိုးရင်းလေယာဉ်သစ်များကိုလည်း မှာယူထားပြီး ပြည်တွင်း ပြည်ပခရီးစဉ်များကို ပြေးဆွဲ လျက်ရှိကြောင်း၊ ပြည်ပခရီးစဉ်အနေဖြင့် ၂ဝ၁၅ ခုနှစ်အတွင်း တွင် စင်ကာပူနှင့် ဟောင်ကောင်ခရီးစဉ်ကို စတင်ပြေးဆွဲ ခဲ့ပြီး ၂ဝ၁၆ ခုနှစ်အတွင်းတွင် ဘန်ကောက်နှင့် ချင်းမိုင် ခရီးစဉ်ကို တိုးချဲ့ပြေးဆွဲခဲ့ကြောင်း၊ ယင်းအပြင် ထပ်မံရောက် ရှိလာသော လေယာဉ်သစ်များဖြင့် စင်ကာပူခရီးစဉ်ကို အခေါက်ရေ တိုးချဲ့ပြေးဆွဲ ခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်တွင် ကော်ပိုရေးရှင်းသို့ ပြောင်းလဲကာ နိုင်ငံပိုင် လေကြောင်းလိုင်း မြန်မာအမျိုးသားလေကြောင်းလိုင်း အမည်ဖြင့် ပြည်တွင်းခရီးစဉ်များအပြင် နိုင်ငံတကာခရီးစဉ်များကို ်ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.