Connect with us

Science & Technology

အပြည်ပြည်ဆိုင်ရာ စွမ်းအင် ပူးပေါင်း ဆောင်ရွက်မှု မြန်မာ တိုးမြှင့် ဆောင်ရွက်မည်

ရန်ကုန်မြို့ညရှု့ခင်း (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

အမျိုးသား စွမ်းအင် စီမံခန့်ခွဲမှုကော်မတီသည် အပြည်ပြည်ဆိုင်ရာ စွမ်းအင်ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ဆောင်ရွက်သွားမည်ဟု အမျိုးသား စွမ်းအင် စီမံခန့်ခွဲမှု ကော်မတီ၏ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာချက် အရသိရသည်။

ပြည်တွင်းပြည်ပ ကျွမ်းကျင်သူများမှ Myanmar Energy Sector Policy Draft Working Paper ပေါ်အခြေခံပြီး ရေးဆွဲခဲ့သည့် အချက် ၉ ချက်ပါဝင်သော အမျိုးသား စွမ်းအင်မှုဝါဒကို ထုတ်ပြန် ခဲ့သည်။

အဆိုပါ ကော်မတီသည် ခိုင်မာသည့် အချက်အလက်များကို အခြေခံပြီး ရေတိုရေရှည် စွမ်းအင်ဖွံ့ဖြိုးရေး အတွက် အသေးစိတ် စီမံချက်ချပြီး ဆောင်ရွက်ရန်၊ ပုဂ္ဂလိက ကဏ္ဍ၏ ပါဝင် ဆောင်ရွက်လာမှု စွမ်းရည် မြှင့်တင်ရန်နှင့် နိုင်ငံပိုင် စွမ်းအင်လုပ်ငန်း အဖွဲ့အစည်းများကို နိုင်ငံတော်၏ စီးပွါးရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများနှင့် အညီဆောင်ရွက်နိုင်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်ရန် ဟူ၍ ကြေညာချက် ထဲတွင်ပါရှိသည်။

အဆိုပါကော်မတီသည် စွမ်းအင်အကျိုးပြုခြင်းနှင့် စွမ်းအင် ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် ဆောင်ရွက် သွားမည် ဖြစ်သည်။ စွမ်းအင်အရင်းအမြစ်များရှာဖွေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံ တကာနှင့် ရင်ဘောင် တန်းဆောင်ရွက်နိုင်ရန်အတွက် သုတေသန ၊ဖွံ့ဖြိုးရေး၊ ပုံကြမ်းများကို ဖြန့်ဖြူးနိုင်ရန် အတွက် အဆိုပါ ကော်မတီကို ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်၏ စွမ်းအင်နှင့် လျှပ်စစ် ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန် အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီနှင့် စွမ်းအင်ဖွံ့ဖြိုးမှု ကော်မတီတို့ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ဗဟိုစာရင်းချုပ် အဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်အတွင်း မြန်မာနိုင်ငံသည် ရေနံစိမ်း တန်ချိန် ၆.၁ မီလီယံ နှင့် သဘာဝဓါတ်ငွေ့ ၁၃.၁၆၂ ကုဗမီတာကို ထုတ်လုပ်နိုင်ခဲ့သည်။

တရားဝင်စာရင်းဇယားအရ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၌ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၅.၁၈ ဘီလီယံ ရှိကာ အောက်တိုဘာ အထိ စုစုပေါင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု၏ ၃၀.၂၂ ရာခိုင်နှုန်း ရှိပြီး မြန်မာနိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် စွမ်းအင်ကဏ္ဍသည် ဒုတိယအဆင့်တွင်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.