Connect with us

Science & Technology

မန္တလေး(ပုလိပ်) ဘူတာမှ ရန်ကုန်(ဝါးတန်း)ဘူတာသို့ ကွန်တိန်နာရထား ပြေးဆွဲရန် အတွက်အဆင်သင့်ဖြစ်

ကွန်တိန်နာရထားတစ်စင်းအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

မြစ်ငယ်မြို့ ကုန်းတွင်းဆိပ်ကမ်း၏ ရှေ့ပြေးစီမံကိန်းအဖြစ် မန္တလေး တိုင်းဒေသကြီး (ပုလိပ်) ဘူတာမှ ရန်ကုန်(ဝါးတန်း)ဘူတာသို့ ကွန်တိန်နာရထား ပြေးဆွဲရန် အတွက်အဆင်သင့်ဖြစ်နေကြောင်း၊ တိုင်း ၃ သွားလာရေး နှင့်ပို့ဆောင်ရေးဌာန (မန္တလေး) မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါကွန်တိန်နာ ရထားများ စမ်းသပ်ပြေးဆွဲ ခြင်းသည် မြစ်ငယ်မြို့တွင် တည်ဆောက်လျက်ရှိသော မြန်မာနိုင်ငံ၏ ပထမဆုံး ကုန်းတွင်းဆိပ်ကမ်း စီမံကိန်း၏ ရှေ့ပြေး လုပ်ငန်းအစိတ်အပိုင်း တစ်ခုဖြစ်ပြီး ကွန်တိန်နာ ရထားတစ်စီး လျှင်အတွဲ ၁ဝတွဲအထက် တစ်လလျှင် လေးစီးနှုန်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြစ်ငယ် ကုန်းတွင်းဆိပ်ကမ်းမှာ တည်ဆောက် လျက်ရှိပြီး အဆိုပါဆိပ်ကမ်းကို တည်ဆောက်ရေးကာလ နှစ်နှစ်ဖြင့် အပြီးတည်ဆောက် သွားမည်ဖြစ်ကာ တည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးပြီး လုပ်ငန်း စတင်လည်ပတ်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ကုန်စည်စီးဆင်းမှု များမှာ ပိုမိုမြန်ဆန်လာနိုင်ပြီး သယ်ဆောင် စရိတ်များလည်း လျှော့ချနိုင်ဖွယ် ရှိကြောင်း သိရသည်။

မန္တလေး-ရန်ကုန် မီးရထားလမ်း ပိုင်းသည် ၃၇၂.၂၅ မိုင်ရှည်လျားပြီး လက်ရှိမီးရထား ခုတ်မောင်းချိန်သည် ၁၄ နာရီခန့်ကြာမြင့်ကြောင်းအစိုးရ သတင်းဌာနတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.