Connect with us

Science & Technology

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းရန်ကုန်-ကိုးလ်ကတ္တား-ရန်ကုန် ခရီးစဉ်သစ် စတင်ပြေးဆွဲ

မြန်မာလေကြောင်းလိုင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

အပြည်ပြည် ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ရန်ကုန်-ကိုးလ်ကတ္တား- ရန်ကုန် ခရီးစဉ်သစ်ကို ဒီဇင်ဘာ ၁ ရက်မှစ၍ စတင်ပျံသန်းပြေးဆွဲလျက် ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ခရီးစဉ်သစ် အထူးအစီအစဉ်အဖြစ် ရန်ကုန်-ကိုးလ်ကတ္တား-ရန်ကုန် အသွားအပြန် လေယာဉ် လက်မှတ်ကို အမေရိကန်ဒေါ်လာ ၃ဝ၅ ဖြင့် ရောင်းချပေးလျက် ရှိပြီး တစ်ပတ်လျှင် နှစ်ကြိမ် (ကြာသပတေး၊ တနင်္ဂနွေနေ့)များတွင် ပျံသန်း ပြေးဆွဲ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ရန်ကုန်မြို့မှ ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုးနှင့် ဂယာမြို့များသို့ Airbus A320 (လူဦးရေ ၁၈ဝ ဆံ့)၊ Airbus A 319 (လူဦးရေ ၁၂ဝ ဆံ့) လေယာဉ် များဖြင့် ပုံမှန်ပျံသန်းပေး လျက်ရှိပြီး (Charter Flight) စင်းလုံးငှား ခရီးစဉ် များကိုလည်း သွားလို သည့် ပြည်ပနိုင်ငံ များအတွက် အလျင်မြန်ဆုံးနှင့် အလွယ် ကူဆုံး အချိန်မရွေး ဆက်သွယ်ငှားရမ်းနိုင်ကြောင်း သိရသည်။

အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ၁၉၉၃ ခုနှစ်မှစ၍ ပြည်ပခရီးစဉ် များ ပျံသန်းလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.