Connect with us

Science & Technology

ခုံးကျော်တံတားများ ၏ အတက်၊ အဆင်း၌ရှိသော ဘတ်စ်ကား မှတ်တိုင်များကို ယခုလအတွင်း ရွှေ့ပြောင်းမည်

ခုံးကျော်တံတားအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၅ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်းရှိခုံးကျော်တံတားများ ၏ အတက်၊ အဆင်း၌ရှိသော ဘတ်စ်ကား မှတ်တိုင်များကို ယခုလအတွင်း ရွှေ့ပြောင်း သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ(လမ်း၊ တံတား)ဌာနမှ သိရသည်။

ရန်ကုန်မြို့တွင်း၌ ဘတ်စ်ကားမှတ်တိုင် ပေါင်း ၂၄၀၀ ကျော်အထိရှိပြီး ခုံးကျော် တံတားအတက်၊ အဆင်း၌ရှိသော မှတ်တိုင် ၁၂၃ ခုကို ယခုလအတွင်း ရွှေ့ပြောင်းသွား မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှုကိုဖြေရှင်းနိုင်ရန် ခုံးကျော်တံတား များတည်ဆောက်ခဲ့သော်လည်း တံတား အတက်၊ အဆင်းလမ်းများ၌ ဘတ်စ်ကား မှတ်တိုင်များရှိနေပြီး လူအတင်အချများ ပြုလုပ်နေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.