Connect with us

Social

ချစ်သူများနေ့ပညာပေးဂိမ်းထည့်သွင်းကစား

ဂိမ်းတွင် အနိုင်ရလာပြီးနောက် ပန်းစည်းရလာသည့်စုံတွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကား ချစ်သူများနေ့ဖြစ်သည့်အားလျော်စွာ ပြည်သူ့ရင်ပြင် တွင် ချစ်သူစုံတွဲများ သူ့ထက်ငါအပြိုင်အဆိုင်နိုင်ရန်အတွက် ဂိမ်းကို ကြိုးစားယှဉ်ပြိုင် ကစားလျက်ရှိသည်။

ချစ်သူများနေ့ Valentine’s Day အထိမ်းအမှတ်အဖြစ် ပြည်သူ့ရင်ပြင်တွင် သရုပ်ဆောင်အဆိုတော်စိုင်းစိုင်းခမ်းလှိုင် ၏ ပွဲအပါအဝင် ပျော်ပွဲရွှင်ပွဲများတွင် ချစ်သူများ ဆင်နွှဲလျက်ရှိသည်။

ကိုမင်းသစ္စာက “ဒီနှစ်က အဝတ်အစားလောက်ပဲ ဝယ်ပေးဖြစ်တယ်။ ဆင်တူ ဝတ်တဲ့ဒီဇိုင်း ကကြိုစီစဉ်ထားတာပါ။ကျွန်တော်တို့နှစ်ယောက် စိုင်းစိုင်းရဲ့ စုံတွဲတွေဝင်ပြိုင်ရတဲ့ ဂိမ်းမှာ ဝင်ပြိုင်ရင်း ပန်းစည်းရခဲ့တာ အမှတ်တရ ပျော်စရာတစ်ခုပါပဲ။ အတွဲ ၄ တွဲ ကစားရင်းဆုရခဲ့တာဆုရတော့လည်းပျော်တယ်။ မျှော်လည်း မမျှော်လင့်ထားဘူး။’’ ဟု ဆင်ဟွာကိုပြောသည်။

ယခုနှစ်တွင် Valentine’s Day ၌ ချစ်သူများအလှဓာတ်ပုံရိုက်ရန် နေရာများသာမက ပညာပေးဂိမ်းများ အစီအစဉ်များကိုလည်းထည့်သွင်း၍ တချို့အဖွဲ့များက ကျင်းပပေးလျက်ရှိသည်။

အရုပ်ပေးနေသည့် စုံတွဲတစ်တွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ပြည်သူ့ရင်ပြင်ရှိ စုံတွဲတစ်တွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ဓာတ်ပုံရိုက်နေသည့် စုံတွဲတစ်တွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ချစ်သူများနေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ချစ်သူများနေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ချစ်သူများနေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ချစ်သူများနေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ချစ်သူများနေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ချစ်သူများနေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ချစ်သူများနေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ချစ်သူများနေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ချစ်သူများနေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ချစ်သူများနေ့မြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

Engaging Men Myanmar (အမျိုးသားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း)မှ အဖွဲ့ဝင်တစ်ဦးက “၂၀၁၅ မှာကျွန်တော်တို့အဖွဲ့ကို စဖွဲ့ဖြစ်တယ်။ ကျားမအခြေပြုအကြမ်းဖက်မှုလျှော့ကျဖို့ အမျိုးသမီးတွေက အမျိုးသားတွေ နဲ့ အတူလုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ဖြစ်တာပါ။ ကျား၊မ တန်းတူညီမျှမှုရရှိဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာပါ။ ချစ်သူစုံတွဲတွေ ပါဝင်နိုင်တဲ့ အစီအစဉ်၊ ပညာပေးအစီအစဉ်တွေ၊ ဂိမ်းအစီအစဉ်တွေကို ဒီချစ်သူများနေ့မှာ ထည့်သွင်းထားပါတယ်’’ ဟုပြောသည်။

ချစ်သူများနေ့တွင် ချစ်သူစုံတွဲများ အပြန်အလှန် လက်ဆောင်ပေးခြင်း၊ အင်္ကျီဆင်တူဝတ်ခြင်း၊ လျှောက်လည်ခြင်းများ ဖြင့် ပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည်။ ယောကျာၤးလေးများအနေဖြင့် သူတို့ချစ်သူ မိန်းကလေးများ အား အံ့အားသင့်စေမည့်လက်ဆောင်များကို စီစဉ်၍ ပေးကြသည်။

မအိအိဇော်က “အရုပ်အကြီးကြီးရတော့ အရမ်းပျော်သွားတယ်။ သူနဲ့ တာမွေမှာချိန်းထားတာ သူက အရုပ်ကို ဖွက်ထားပြီး ပေးတာ။ စစချင်းက သူ့ကိုပဲမြင်တာ။ နောက်မှ အရုပ်ကိုမြင်တာ။ အရမ်းပျော်သွားတယ်’’ ဟုဆင်ဟွာကိုပြောသည်။

ယနေ့ခေတ်အခါ တွင် နားလည်ထားကြသည့် St.Valentine day သည် ရှေးခေတ်ရောမ ရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက် အလေးမြတ်ထားသော နေထူးနေ့မြတ် တစ်ခုဖြစ် ကြောင်း သိရသည်။ ပုပ်ရဟန်းမင်းကြီး Gelasius ကအေဒီ ၄၉၈ ခုနှစ်တွင် St.Valentine Day အား ဖေဖော်ဝါရီလ ၁၄ရက်နေ့ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုမှစ၍ ခေတ်ကာလပြောင်းလဲလာရာမှ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine`s Day ဟူ၍ ကျင်းပလာကြခြင်းဖြစ်ကြောင်း ပါးစပ်ရာဇဝင်များ အရသိရသည်။

ခေတ်များ ပြောင်းလဲလာသည့် နှင့် အမျှ ချစ်သူများနေ့အား မြန်မာနိုင်ငံတွင်လည်း ချစ်သူစုံတွဲများမှ ပျော်ရွှင်စွာ အမှတ်တရလက်ဆောင်ပေးခြင်း၊ ပန်းစည်းများပေးခြင်း၊ ဆင်တူအင်္ကျီများဝတ်၍ လျှောက်လည်ခြင်းများ ပြုလုပ်လာကြသည်။

သာကေတနေထိုင်သည့် မမေဖူးသွင်က “ပန်းစည်းရယ်၊ ချောကလက်ရယ်၊ အရုပ်ရယ် သူ့ဆီကရတယ်ရှင့်။ အရမ်းပျော်ပါတယ်။သူနဲ့ကြိုက်တာ ၅ လမပြည့်သေးဘူးရှင့်။ သူ့ကို ဘောင်းဘီတွေနဲ့ ပဲမြင်ဖူးလို့ ပုဆိုးလေးနဲ့ ရှပ်အိင်္ကျီလေး ကို ချစ်သူများနေ့အမှတ်တရ အနေနဲ့လက်ဆောင်ဝယ်ပေးထားတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

သည်နောက်ပိုင်းတွင် ချစ်သူများနေ့ ၌ မင်္ဂလာဆောင်သည့် စုံတွဲများ၊ လက်မှတ်ရေးထိုးသည့် စုံတွဲများလည်း ရှိကြသည်။ ချစ်သူများနေ့ တွင်မှ အဖြေပေးသည့် ချစ်သူစုံတွဲများလည်းရှိလာသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အမရာ က “ဒီနှစ်ဆိုရင် သူနဲ့ ၃ နှစ်ပြည့် ပြီ ချစ်သူများနေ့မှာပဲ စသိခဲ့တာ။ စပြီးချစ်သူဖြစ်တာကလည်း Valentine မှာ ချစ်သူစဖြစ်ခဲ့တာပဲရှင့်။ နှစ်တိုင်း သူ့ဆီကလက်ဆောင် ရနေကြပါ။ အင်္ကျီဆင်တူက သမီးချစ်သူရဲ့ အကြိုက်ဒီဇိုင်းပါ။ နောက်နှစ် Valentine မှာတော့ ချစ်သူဘဝ နဲ့ မဟုတ်ပဲ သူနဲ့အတူလက်ထပ်ပြီး အိမ်ထောင်သည်ဘဝနဲ့ ဖြတ်သန်းဖို့ဆုံးဖြတ်ထားပါတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ကန်တော်ကြီး၊ မျှော်စင်ကျွန်း တွင် Tango ချောကလက် မှ ချစ်သူများနေ့အတွက် အထူးအစီအစဉ် ကျင်းပလျက်ရှိသည်။

ကိုဝေလွင်အောင် က “Tango ချောကလက်ဖြန့်ဖြူးရောင်းချတာ Tango ရောင်းတာ ၁၅ နှစ်ရှိပြီ ဆိုတော့ ဒီနှစ်မှာစပြီး ပွဲလေး စီစဉ်ဖြစ်တာ။ ဂိမ်းဆော့တဲ့ အစီအစဉ်တွေပါတယ်။ ပန်းစည်း ၊ချောကလက်တွေပါ စီစဉ် ထားပေးပါတယ်။ ချောကလက်က Tango လေး တွေ ထည့်ပေးထားတယ်။ ပန်းစည်းတွေ၊ ချောကလက်တွေကို ကျပ် ၃၅၀၀ ကနေ ၇၀၀၀ ကျပ် တန်လောက် အထိအားလုံးလုပ်လို့ရအောင်စီစဉ်ပေးထားတယ်။ အလွတ်လေးတွေ ဆိုရင် ၁၅၀၀ လောက်ကနေ ၂၀၀၀ လောက်အထိ စားလို့ရအောင်လုပ်ပေးထားတယ်။ ဓာတ်ပုံရိုက်ဖို့ အတွက် စီစဉ်ထားပေးထားတယ်။ စုံတွဲယှဉ်ပြိုင်ရမယ့် ဂိမ်းမျိုး၊ တစ်ယောက်ချင်းယှဉ်ပြိုင်ရမယ့် ဂိမ်းတွေလည်းပါတယ်။’’ ဟုဆင်ဟွာကိုပြောသည်။

ချစ်သူများ နေ့ ဂိမ်းများသည် အများအားဖြင့် ပညာပေးဂိမ်းများ ဖြစ်ကြောင်း သိရသည်။လူငယ်များ အတွေးအမြင်များမှန်ကန်မှုရှိစေရန်ရည်ရွယ်၍ ဂိမ်းများထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ ချစ်သူများနေ့ အစီအစဉ်အနေဖြင့် အထူးလျှော့ဈေးများ၊ အထူးအစီအစဉ်များ၊ စတိတ်ရှိုးပွဲများလည်း ကျင်းပလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.