Connect with us

Social

မြန်မာ့ ဘောလုံး လောက အတွက် ၁၀ နှစ်တာ ကာလအတွင်း ကျပ်ငွေ ၁၉ ဘီလီယံကျော် စိုက်ထုတ် သုံးစွဲခဲ့ဟုဆို

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF) အမှတ်တံဆိပ်အား တွေ့ရစဉ်(ဓာတ်ပုံ-MFF)

ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

မြန်မာ့ ဘောလုံးလောက အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)မှ ငွေကြေး စိုက်ထုတ်သုံးစွဲမှုမှာ ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ငွေကြေး စိုက်ထုတ်မှုဖြင့် လည်ပတ် သုံးစွဲခြင်းမှာ ကျပ်ငွေ ၁၉ ဘီလီယံ ကျော် ရှိကြောင်း MFF မှ ငွေစာရှင်း ရှင်းတမ်းအား ထုတ်ပြန် ကြေညာခဲ့သည်။

၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း ဝင်ငွေမှာ ၂၈ ဘီလီယံကျော်(၂၈,၄၇၅,၇၄၁,၀၃၀) ရရှိခဲ့ပြီး ကုန်ကျငွေမှာကျပ်ငွေ ၃၅ ဘီလီယံကျော်(၃၅,၂၂၈,၇၀၂,၅၆၅) ရှိခဲ့ဲ့ကြောင်း MFF မှ ထုတ်ပြန်သော စာရင်း အချက်အလက်များ အရ သိရသည်။ထို ၁၀ နှစ်တာ ကာလအတွင်း ၂၀၁၅ ခုနှစ်သည် ပြည်ပ နိုင်ငံများသို့သွားရောက် ယှဉ်ပြိုင်မှု ၊ လေ့ကျင့် ခြေစမ်းခြင်း အပါအဝင် ဘောလုံး ဖွံ့ဖြိုးရေး လုပ်ငန်းများကြောင့် ငွေကြေး ကုန်ကျမှု အများဆုံး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)သည် ငွေကြေး သုံးစွဲမှုများအား အဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ငွေကြေး စိုက်ထုတ်မှုဖြင့် လည်ပတ်သုံးစွဲခြင်း ၊ MFF မိတ်ဖက်နှင့် စပွန်ဆာများမှ ပံ့ပိုးကူညီငွေ ၊ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်မှ သက်ဆိုင်ရာ အဖွဲ့ချုပ်များသို့ ပံ့ပိုးငွေ ၊ အာရှဘောလုံး အဖွဲ့ချုပ်မှ ကူညီပံ့ပိုးငွေ အရင်းအမြစ်များမှ သုံးစွဲကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်(MFF)၏ ငွေစာရင်း ရှင်းတမ်းများအား ပြည်တွင်းပြည်ပ စာရင်းစစ်များမှ လာရောက်စစ်ဆေးပြီး အတည်ပြု ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117