Connect with us

Social

ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းမကပ်သော စားသောက်ဆိုင် ၄၄ ဆိုင်ကို ဒဏ်ရိုက်ရာ ငွေကျပ်သိန်း ၁၅ဝ ကျော်ရရှိဟုဆို

ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၆ ခုနှစ် ဧပြီလမှ သြဂုတ်လ အထိ ကုန်သွယ်လုပ်ငန်းခွန် တံဆိပ်ခေါင်းမကပ်သော စားသောက်ဆိုင် ၄၄ ဆိုင်ကို ဒဏ်ရိုက်ရာ ငွေကျပ်သိန်း ၁၅ဝ ကျော်ရရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်း မကပ်သည့် စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခို ခန်းများကို ဒဏ်ကြေးငွေဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိပြီး နောက်ပိုင်းတွင် ကုန် သွယ် လုပ်ငန်းခွန် ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများ၏ ငွေရှင်း ပြေစာများ၌ ကုန်သွယ် လုပ်ငန်းခွန် တံဆိပ်ခေါင်းကပ်ရန် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင် ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်လုပ် ငန်းခွန် တံဆိပ်ခေါင်း မကပ်သည့် စားသောက်ဆိုင်များကို ၂ဝ၁၅ ခုနှစ် မေလမှ စတင်ကာ ဒဏ်ရိုက်ခဲ့သည်။

စားသောက်ဆိုင်၊ ဟိုတယ်နှင့် တည်းခိုခန်းများ၏ ငွေရှင်း ပြေစာများတွင် ကုန်သွယ် လုပ်ငန်းခွန်တံဆိပ်ခေါင်း ကပ်ရန် ပျက်ကွက်ပါက ဥပဒေပုဒ်မ ၃၂ အရ တရား စွဲဆိုနိုင်ပြီး ပြစ်မှုထင် ရှားပါက ထောင်ဒဏ် သုံးနှစ်မှ ခုနစ်နှစ်အထိ ချမှတ် နိုင်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.