Connect with us

Social

ရန်ကုန်မြစ်ကြောင်းမှတဆင့် ကုန်စည်များအား သယ်ယူနိုင်ရန်ကြိုးစားလျက်ရှိကြောင်း ဦးဖြိုးမင်းသိန်းပြောကြား

ဦးဖြိုးမင်းသိန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြစ်ကြောင်းမှတဆင့် လူများကို သယ်ယူပို့ဆောင်မှု အပြင် ကုန်စည်များအား သယ်ယူနိုင်ရန်ကြိုးစားနေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် ပြုလုပ်သည့် Yangon water Bus ဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။

ဦးဖြိုးမင်းသိန်းက “ကုန်းတွင်းဆိပ်ကမ်းများကို စနစ်တကျတည်ဆောက်ပြီး ရန်ကုန်မြို့ထဲကို ကုန်သေတ္တာတင်တဲ့ကားတွေ ဝင်စရာမလိုအပ်ပဲ ဖြတ်သန်းသွားလာနိုင်မယ့် အခြေအနေတစ်ရပ်ရဖို့ ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တယ်။ ရန်ကုန်မှ မြန်မာနိုင်ငံတစ်ဝန်းလုံးကို ကုန်စည်စီးဆင်းနိုင်ဖို့နဲ့ ခရီးသည်များ သွားလာနိုင်ရေးက ကျွန်တော်တို့ ရှေ့ဆက်သွားရမယ့်ခြေလှမ်းများပဲ ဖြစ်ပါတယ်။’’ ဟုပြောကြားခဲ့သည်။

ကုန်စည်များအား သီလဝါဆိပ်ကမ်းမှသော်လည်းကောင်း၊ရန်ကုန်မြို့လယ်ရှိဆိပ်ကမ်းများမှသော်လည်းကောင်း၊ စက်မှုဇုန်တွေကို ကုန်တင်နိုင်တဲ့ ကုန်သေတ္တာတင်သဘောၤများ နှင့်ဆွဲ၍ သယ်ယူနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အထူးစီမံကိန်း တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.