Connect with us

Social

ပြည်ပသို့ တရားဝင် အလုပ်သမား အယောက် ၁၃,ဝဝဝ ကျော်အား မေလအတွင်း ခန့်အပ်နိုင်ခဲ့

မြန်မာအလုပ်သမားတချို့ အားတွေ့ရစဉ် (ဆင်ဟွာ

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၁၃,ဝဝဝ ကျော်နှင့်ပြည်တွင်းအလုပ်နေရာ ၁၂,ဝဝဝ ကျော်အား ၂၀၁၇ ခုနှစ် မေလအတွင်း ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မှ သိရသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၇ ခုနှစ် အတွင်း ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးခဲ့ပြီး အလုပ်သမား ရှာဖွေရေးရုံးများတွင် Labor Exchange Management System (အလုပ်သမားလဲလှယ်ခြင်းစီမံခန့်ခွဲမှုစနစ်) ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိရာ ၂ဝ၁၇ ခုနှစ် မေလအတွင်း ပြည်တွင်းအလုပ်အကိုင် အစိုးရနှင့် ပုဂ္ဂလိကနှစ်ရပ်ပေါင်း ၁၂,၅၇၃ ဦးနှင့် ပြည်ပအလုပ်အကိုင် ၁၃,၇၆၈ ဦးကို အလုပ် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။

အစိုးရနှင့် ပုဂ္ဂလိကနှစ်ရပ်ပေါင်း ပြည်တွင်း အလုပ်အကိုင်ရရှိမှု၌ ပြည်ထောင်စုနယ်မြေတွင် ၁၅၄ နေရာ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၈ဝဝ၇ နေရာ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၁၁ နေရာ၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၈၆၄ နေရာ၊ မန္တလေး တိုင်းဒေသကြီးတွင် ၈၃၉ နေရာ၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၉၈ နေရာ၊ မကွေးတိုင်းဒေသ ကြီးတွင် ၄၃၄ နေရာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၁၂ နေရာ၊ ကချင်ပြည်နယ်တွင် ၅၂ နေရာ၊ ကယားပြည်နယ်တွင် ၂၅ နေရာ၊ ကရင်ပြည်နယ် တွင် ၁၁၁ နေရာ၊ ချင်းပြည်နယ်တွင် ၁၇ နေရာ၊ မွန်ပြည်နယ်တွင် ၁၈၆ နေရာ၊ ရခိုင်ပြည်နယ်တွင် ၈၄ နေရာနှင့် ရှမ်းပြည်နယ်တွင် ၁၇၉ နေရာ စုစုပေါင်း ၁၂၅၇၃ နေရာအား အလုပ်ရှာဖွေပေး နိုင်ခဲ့ပြီး နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု မှာ မလေးရှားနိုင်ငံသို့ ၂၂၁ ဦး၊ စင်ကာပူနိုင်ငံသို့ ခြောက်ဦး၊ ကိုရီးယားနိုင်ငံသို့ ၃၃၂ ဦး၊ ထိုင်းနိုင်ငံ သို့ ၁၂၈၇၇ ဦး၊ ဂျပန်နိုင်ငံသို့ ၂၉၆ ဦး၊ ယူအေအီး သို့ ၁၉ ဦး၊ ကာတာနိုင်ငံသို့ ၁၇ ဦး စုစုပေါင်း ၁၃,၇၆၈ ဦး စေလွှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.