Connect with us

Social

ရန်ကုန် တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ ၄၃၀,၀၀၀ ကျော်ရှိပြီး ကျူးကျော် နေထိုင်သူများကို ပြန်လည် ထူထောင်ရေးစခန်း ဖွင့်လှစ်ပေးမည်

ကျူးကျော်နေထိုင်သူများ ပြန်လည် ထူထောင်ရေး စခန်းများ ဖွင့်လှစ်ပေးမည့် သတင်းစာ ရှင်းလင်းပွဲ၌ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီး အတွင်း ကျူးကျော်နေထိုင်သူ ၄၃၀,၀၀၀ ကျော်ရှိပြီး ယင်းတို့ကို ပြန်လည် ထူထောင်ရေး စခန်းများ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲ၌ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ကျူးကျော် နေထိုင်သူများ အနေဖြင့်လည်း မနက်ဖြန်မှစပြီး မည်သည့် နေရာတွင်မှ ကျူးကျော်ခွင့် မရှိတော့ကြောင်းကို ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ကြေညာလိုက်သည်။ ယင်း ကျူးကျော်များ၏ စာရင်း ကောက်ယူရာတွင် ကွန်ပျူတာ စနစ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ စာရင်း ကောက်ယူရာတွင် ဝိသမ လောဘသမားများနှင့် လူဆိုးလူမိုက်များ ပါဝင်ခြင်း မရှိစေရန်လည်း စာရင်း ကောက်ယူပြီးသည့်အခါ နောက်ကြောင်းလိုက်ခြင်းများ ဆောင်ရွက်မည်ကြောင်း ၎င်းကဆိုသည်။
နမူနာ ကောက်ယူထားချက်အရ ရန်ကုန်တိုင်း ဒေသကြီး၏ ခရိုင်လေးခရိုင်အတွင်း ကျူးကျော်လူဦးရေ ၄၃၀,၀၅၀ ဦးရှိနေကြောင်း အစိုးရအဖွဲ့က ယနေ့ ကြေညာ ထုတ်ပြန်လိုက်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.