Connect with us

Social

သိန်း ၁၀၀ အောက် တန်ဖိုးနည်း အိမ်ရာများ ရနိုင်သမျှ ဆောက်ပေးသွားရန် ရက် ၁၀၀ စီမံချက် အတွင်း ရည်ရွယ်ထား

ရန်ကုန်မြို့ရှိ လူအိမ်ရာ တစ်ချို့အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၆ ရက် (ဆင်ဟွာ)

တန်ဖိုးနည်း အိမ်ရာနှင့် ပတ်သတ်၍ သိန်း ၁၀၀ အောက်ကို ရနိုင်သမျှ ဆောက်ပေးသွားရန် ရည်ရွယ်ထားပြီး မြို့ပြအိမ်ရာ စီမံကိန်း ဖွံ့ဖြိုး တိုးတက်ရေးကို ရန်ကုန်နှင့် မန္တလေးတွင် ဦးစားပေး ဆောင်ရွက်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အရ သိရသည်။

ထို့အတူ ၉၀ ရာခိုင်နှုန်း အထိ ပြီးစီး နေသည့် ကနောင် တန်ဖိုးနည်းအိမ်ရာ၊ ယုဇန တန်ဖိုးနည်း အိမ်ရာ အပိုင်း (၁) နှင့် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ အပိုင်း(၃) တို့မှ ထွက်ရှိမည့် အခန်းပေါင်း ၂,၂၀၀ ခန့်ကိုလည်း ရက် ၁၀၀ အတွင်း ရောင်းချနိုင်ရေး ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
နေပြည်တော်တွင်လည်း ရွှေနံ့သာ ရပ်ကွက်တွင် နမူနာအဖြစ် ၄၀၀ စတုရန်းပေ ကျယ်ဝန်းသည့် စံနမူနာပြ အိမ်ရာ စီမံကိန်းကို တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက် အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား ဦးစားပေးပြီး ပြုပြင်သွားမည် ဖြစ်ပြီး ရန်ကုန်ဘက် ၁၀ မိုင်နှင့် နေပြည်တော်ဘက် ၁၀ မိုင်ပဏာမ အဆင့် အနေဖြင့် ငါးပေ တိုးချဲ့ပြီး ပြုပြင်သင့် သည့်နေရာများကို ဆောင်ရွက် သွားမည် ဖြစ်ပြီး လမ်းပေါ်တွင် ရှိသည့် တံတားပေါင်း ၁၃၈ စင်းကိုလည်း အဆင်းအတက် ပိုပြီး ချောမွေ့စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.