Connect with us

Social

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း မန္တလေးမြို့သို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ယခင် နှစ်ထက်၂၂ ရာခိုင်နှုန်း တိုးတက်လာ

နိုင်ငံခြားဧည့်သည်များ လာရောက် လည်ပတ် လေ့ရှိရာ မန္တလေးမြို့ရှိ မဟာ အတုလ ဝေယန် ကျောင်းတော်ကြီး အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း မန္တလေးမြို့သို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၆ဝ,ဝဝဝ နီးပါး ဝင်ရောက်ခဲ့ပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းခန့် တိုးတက် လာကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ငါးလအတွင်း မန္တလေးမြို့သို့ နိုင်ငံခြား ခရီးသွား ဧည့်သည် ၁၅၉,၄ဝ၉ ဦး ဝင်ရောက်ခဲ့ပြီး ယခင်နှစ် ကာလတူတွင် ၁၃ဝ,၈၃၉ ဦး ဝင်ရောက်ခဲ့ သဖြင့် ၂၂ ရာခိုင်နှုန်းခန့် ဧည့်ဝင်နှုန်း မြင့်တက် လာကြောင်း သိရသည်။

အဆိုပါ လာရောက်သူ များတွင် တရုတ် နိုင်ငံသားများ အများဆုံး ဖြစ်ပြီး ပြင်သစ်နိုင်ငံမှ ဒုတိယ အများဆုံးနှင့် ထိုင်း၊ အမေရိကန် နှင့် ဗြိတိန်နိုင်ငံသား များလည်း လာရောက် လည်ပတ် ကြကြောင်း မန္တလေးမြို့ရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများမှ သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်ပ လေကြောင်းလိုင်း ၂၈ လိုင်း ပြေးဆွဲနေပြီ ဖြစ်ကြောင်း မြဝတီသတင်းတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.