Connect with us

Social

ပြင်ဦးလွင်မြို့၌ ပြည်သူ့စကားဝိုင်းပြုလုပ်မည်

ပြည်သူ့စကားဝိုင်းပြုလုပ်မည့် အစီအစဉ် ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

“လူငယ်နှင့် တရားဥပဒေစိုးမိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရသိရသည်။

ထို့ ပြည်သူ့စကားဝိုင်းတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ကျော်လင်း ၊ ခရိုင်ဥပဒေအရာရှိ ဒေါ်မိုးနှင်းလွင် နှင့် စာပေပညာရှင် စာရေးဆရာ ဦးညိုထွန်းလူ ၊ စာရေးဆရာ ဦးသက်နိုင် ( ပြင်ဦးလွင် )တို့က ပါဝင်ဆွေးနွေးကြမည်ဖြစ် ကြောင်းသိရသည်။

“လူငယ် နှင့် တရားဥပဒေစိုးမိုးရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းတွင် နိုင်ငံတော်အတွက် ၊ ပြည်သူအတွက် အဖိုးတန်သည့် စကားသံများကို ၊ ဒီမိုကရေစီ၏ အင်္ဂါရပ်များအတိုင်း ဖော်ဆောင်ပေးနိုင်ရန်နှင့် မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားမှာ ဆွေးနွေးမှုတွေ ရှိလာစေရန်အပြင် ဆွေးနွေးပွဲများ၌ ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပါကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားပြီး ပြည်သူ့စကားဝိုင်းကို မည်သူမဆိုပါဝင် ဆွေးနွေး တက်ရောက်နိုင်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.