Connect with us

Social

ကျွမ်းကျင်လုပ်သား ရှားပါးနေမှု နည်းပညာနှင့် သက်မွေး ပညာရပ် ဥပဒေ ပြဌာန်း ဖြေရှင်းမည်

ပညာရေးဝန်ကြီးနှင့် ကုန်သည်များ၊ စက်မှု လက်မှု လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးခဲ့စဉ် (ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ကျွမ်းကျင်လုပ်သား ရှားပါးနေမှုကို နည်းပညာနှင့် သက်မွေးပညာရပ် ဥပဒေ ပြဌာန်း၍ ဖြေရှင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားခဲ့သည်။

နည်းပညာနှင့် သက်မွေးပညာရပ် (TVET) ကဏ္ဍသည် လူငယ်များကို အဓိကထား ဦးစားပေးရမည် ဖြစ်ကြောင်း ၊ ကျွမ်းကျင်သော လူငယ်လူရွယ်များ ဖြစ်လာအောင် ပြုစု ပျိုးထောင် ပေးရမည် ဖြစ်ကြောင်း ဒေါက်တာ မျိုးသိမ်းကြီးက ဇူလိုင်လ ၃ ရက်တွင် ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်လုပ်သား များစွာ ရှိနေသော်လည်း ကျွမ်းကျင်မှု စံသတ်မှတ်ထားသည့် အလုပ်သမား အရေအတွက်မှာ ပထမအဆင့် (Level 1) စာမေးပွဲ အောင်မြင်ထားသူ ဦးရေ ၆၀၀ ကျော်သာ ရှိနေသေးကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့ကြောင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု စံသတ်မှတ်ချက်များကို နိုင်ငံတကာနှင့် တန်းတူ လိုက်မီစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ အဆင့် ကျွမ်းကျင်မှု ပြိုင်ပွဲ (Myanmar Skills Competition 2016) အား မတ်လအတွင်းက ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ထို့အတူ နည်းပညာနှင့် သက်မွေးပညာရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အနေဖြင့် Knowledge Training ပိုင်းတွင် ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် ဖွင့်လှစ်လျက် ရှိပြီး နည်းပညာများ ဖော်ဆောင် ပေးနိုင်သော အဖွဲ့များနှင့် ထပ်မံ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နည်းပညာ သင်တန်းများအား စက်မှုဇုန်နှင့် နီးသော နေရာများတွင် ထားရှိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.